Ending

1.8K 210 10
                                    

Part -1

မနက်မိုးလင်းBreakfastစားပြီးတာနဲ
့ တောအုပ်လေးထဲသွားဖို့
အဆင်သင့်ဖြစ်နေတတ်သော ကျွန်တော့်ကို
Dadကပင် သတိပြုမိလာသည်

''တောအုပ်ထဲကိုပဲလား Mei''

''ဟုတ်တယ် Dad"

"တောအုပ်ထဲမှာများ မိန်းမလှလေးနဲ့တွေ့ပြီး ချစ်သူတွေဘာတွေများဖြစ်နေပြီလား''

''Ha ha ha!!Dad C'mon
ဒီတောအုပ်လေးက ကျွန်တော့်အတွက်ပျော်စရာကောင်းလို့ပါ''

ကျွန်တော့်ကို ခပ်ပြုံးပြုံးကြည့်နေရင်း Dadက

''Ok ok ထမင်းစားချိန်နောက်မကျစေနဲ့နော်''

''Ok dad"
ကျွန်တော်လှမ်းဖြေရင် ခက်သွက်သွက်
လျှောက်လှမ်းမိသည်
တကယ်လည်း တောအုပ်လေးက
ပျော်စရာပင်

Reiဆိုသော ကျွန်တော့်နားခိုရာလေး
ရှိနေလို့ပေါ့

မနေ့က သူ့နဖူးပေါ်ခြွေချခဲ့သော
အနမ်းနွေးနွေးကို
ပြန်တွေးမိတော့ လေအေးတိုးနေ၍
အေးနေသော
ပါးပြင်တို့က အလိုအလျောက်နွေးလာသည်

တောအုပ်အစပ်ကိုရောက်တော့
ကျွန်တော်ပေးတဲ့
Hoodieလေးကို ဝတ်ထားကာ
လက်ပိုက်စောင့်နေသော Reiက
ခပ်ဖွဖွလေးပြုံးပြသည်

နူးနူးညံ့ညံ့ပြုံးသော သူ့အပြုံးဟာ
ကျွန်တော့်ရင်ခုန်သံကို စည်းချက်မမှန်အောင်
ပြုစားသွားသည်

''Hoodieပဲဝတ်ထားတော့ မချမ်းဘူးလား''
ကျွန်တော်မေးလိုက်တော့

''ချမ်းတယ်''ဟုဆိုကာ ခေါင်ငြိမ့်ပြသည်
ကျွန်တော်ဝတ်လာသည့် ဆွယ်တာကို
ချွတ်ပေးမလို့လုပ်ပေမဲ့

''No ချွတ်စရာမလိုဘူး ပေါက်စ''ဟုဆိုကာ
ကျွန်တော့်နောက်မှ လူတကိုယ်လုံးကို
သိမ်းဖက်လိုက်သည်

''ဒီအနွေးဓာတ်နဲ့တင်လုံလောက်တယ်''

ရှတတ သူ့အသံတိုးတိုးသည်
လေငွေ့နွေးနွေးနဲ့အတူ ကျွန်တော့်နားစည်အားရိုက်ခတ်လာသည်။

နားစည်မှတဆင့်စီးဆင်းသွားသော အသံလှိုင်းသည်
ကျွန်တော့်နှလုံးသားထဲသို့ လျှပ်စစ်စီးကြောင်းတခုလို စီးဝင်သွားကာ
နှလုံးသားက အလန့်တကြား ခုန်ပေါက်၏

 A Mysterious Love In RainOù les histoires vivent. Découvrez maintenant