နွေးထွေးနူးညံ့သောရင်ခွင်သည်
ထူးဆန်းစွာပင် ကျွန်တော်နဲ့စိမ်းသက်မနေရေငွေ့တို့သယ်ဆောင်လာသော လေအေးတို့က
သူ့ရဲ့ ခပ်ဖားဖားဝတ်ရုံရှည်ကို တဖျတ်ဖျတ်လွင့်ခါသွားအောင် မွှေနှောက်တိုက်ခတ်လိုက်သည်
ကြက်သီးတွေ ထသွားလောက်အောင်
အေးစိမ့်သွားပေမဲ့ လျစ်လျူမရှုလိုက်နိုင်သည်က
သင်းပျံ့ပျံ့ကိုယ်သင်းရနံ့တခုကိုဘယ်လိုအနံ့မျိုးနဲ့မှမတူ
တမင်ရေမွှေး အမွှေးနံ့သာ မျိုးနဲ့ဖန်တီးယူထားတဲ့
ကိုယ်သင်းနံ့မျိုးလဲမဟုတ်လွန်စွအဆုံး ကျွန်တော်ခေါင်းတိုးဝင်ခွေနေတတ်သော
Dadရဲ့ကုတ်အင်္ကျီက ကျွန်တော် နှစ်သက်လွန်းတဲ့ ကိုယ်သင်းရနံ့နဲ့တောင်မတူပေဘယ်သူနဲ့မှမတူ
မည်သည့်အရာနဲ့မှမတူသော ရနံ့တခုပေမဲ့ ကျွန်တော်နဲ့စိမ်းသက်မနေ
အတော်လေးရင်းနှီးခဲ့သော ရနံ့တခုလို့ပင်ခံစားရသည်
သူ့ရင်ခွင်ထဲအတိတ်မေ့နေရာမှ ပြန်ခွာလိုက်ပြီး
ကိုယ့်အနေအထားကိုယ် အခြေကျအောင်လုပ်ရသည်''THANK YOU,Mr?''
ကျွန်တော့်ကို သေချာစိုက်ကြည့်ကာ သူက ဒုတိယမိအကြိမ်ထပ်ပြုံးပြသည်
ကလေးလေးတယောက်ကို ချစ်စနိုးပြုံးပြတဲ့အပြုံးမျိုးမဟုတ်ဘူး
နားလည်မှုတွေအပြည့်အဝပါနေသော အပြုံးဟုပင်ဆိုရမလား
''ဒီနေရာက Rain flowersတွေအများကြီးမရှိဘူး
လာ သွားရအောင်''ကျွန်တော့်လက်ကိုဆွဲ၍ ခပ်သွက်သွက်လျှောက်နေသော သူ့နောက်ကို လိုက်ပါလာမိသည်
ပထမဦးဆုံးအကြိမ်တွေ့ဆုံဖူးပြီး ဘယ်သူဘယ်ဝါမှန်းမသိတဲ့လူစိမ်းတယောက်နောက်
ကောက်ကောက်ပါအောင်လိုက်နေတာလူစိမ်းဟုဆိုလျှင်မှားမည်ထင်သည်
ကျွန်တော့်အတွက် သူသည် စိမ်းသက်နေခြင်းမရှိခဲ့
ခပ်မြဲမြဲဆုပ်ကိုင်ထားတဲ့ လက်အစုံက
နွေးထွေးမှုကို
ပင် ကျွန်တော် နှစ်ခြိုက်နေခဲ့သည်ထိုလက်အစုံကို လွှတ်ချရန် ဆန္ဒလည်း မရှိ
တစိုးတစိမျှမရှိ