မနက်နိုးလာလို့ မျက်လုံးနှစ်လုံး ဖွင့်လိုက်တာနဲ့ တွေ့လိုက်ရတာတွေက ဖုန်တွေ ပိုးအိမ်တွေနဲ့ ပြည့်နေတဲ့ ညိုညစ်ညစ် ကြပ်ခိုး.... နိုးလာလို့ဘေးဘီကြည့်လိုက်တာနဲ့တွေ့လိုက်ရတာက ကြမ်းပြင်တခုလုံးပြည့်နှက်နေတဲ့ Appaသောက်နေကြsojuပုလင်းတွေ နဲ့ sojuကိုမိုးလင်းထဲကသောက်နေတဲ့ Appa ဒီလိုမနက်ခင်းမျိုးက Jaehyunဆိုတဲ့ 8 အရွယ်ကောင်လေးအတွက်မဆန်းတော့ပါဘူး ဖြစ်နေကြပါ appa ကသူ့ကိုဘာမှမပြောသလို စားသောက်ဖို့အတွက်လည်း မီးဖိုချောင်ထဲမှာကြိုတင်ချက်ပြုတ်ပီးသား ဘယ်အချိန်ထဲက appa ချက်ထားလည်းမသိ မိုးလင်းရင်စားရုံပါပဲ ကျောင်းဆိုတာလည်းသူ့ဘဝမှာမရှိ ဒါမယ့်တနေ့မှာ ကံကောင်းချင်းလား ကံဆိုးချင်းလား မသိတဲ့ ကံကြမ္မာကြီးက ကျနော့ဆီရောက်လာတယ်....
မနက်ဆိုမြင်နေကြဖြစ်တဲ့ ဖုန်တွေပိုးအိမ်တွေနဲ့ပြည့်နေတဲ့ မျက်နှာကျက်ကတော့မြင်ရနေဆဲ ဖြစ်ပေမယ့် ဘေးနားကsojuတွေနဲ့အဖော်ပြုနေတဲ့ appaကိုတော့ မတွေ့ရတော့ပါ ဘာကြောင့်မှန်းမသိ ဒီနေ့မကောင်းတဲ့အငွေ့အသက်တွေကိုတော့ Jaehyun ခံစားနေမိပါတယ်
Jaehyun: Appa...Appaဆိုပြီးခေါ်ကြည့်တယ် ဒါမယ့် ဘာမှပြန်ထူးသံမလာ
ထိုစဉ် အိမ်ရှေ့ကိုကားတစီးဆိုက်သံကို Jaehyun ကြားလိုက်တယ် အိမ်ရှေ့ကိုကြည့်လိုက်တဲ့ အခါမှာတော့ ယိုင်နဲ့နဲ့ နဲ့ အိမ်ပေါ်တက်လာတဲ့ appa နဲ့အတူ အရမ်းကိုခံ့ညားတဲ့ appaတို့အရွယ် arjushi နဲ့ arjuma....
Jae's appa: သူ့ကငါ့ရဲ့သားလေး Jaehyunတဲ့ အသက်က8နှစ်ပဲရှိသေးတယ် သူ့ကိုငါမရှိတဲ့အခါ မင်းတို့စောင့်ရှောက်ပေးပါကွာ လို့ အသက်ကိုပြင်းပြင်းရှူရင်းပြောလိုက်တယ်
Jaehyun သိလိုက်တဲ့အချိန်မှာတော့ အဲ့ဒါက appaရဲ့ နောက်ဆုံးထွက်သက်လေးဆိုတာပါပဲ
******************************
အသုဘကိစ္စတွေအားလုံးကို Appaခေါ်လာတဲ့arjushi နဲ့ arjuma ကပဲအားလုံးစီစဉ်ပေးကြတယ် ကိစ္စတွေအားလုံးပြီးသွားတဲ့အခါမှာတော့ ကျွန်တော်သိလိုက်ရတာက arjushiနာမည်က Johnny Seo ဖြစ်ပြီး Arjuma နာမည်ကတော့ Ten ဖြစ်ကြောင်း သိပ်မကြာခင်မှာပဲ ကျွန်တော့ကိုအမွေစား အမွေခံမွေးစားတော့မယ်တဲ့
ဒါဆိုကျနော် က သူတို့သားဖြစ်ပြီးပေါ့ ကျနော့ရဲ့appaအသစ်နဲ့ ommaအသစ်ပေါ့...... သေသွားတဲ့ ကျနော့appaရဲ့ ခေါင်းချရာပယအိမ်လေးကိုစွန့်ခွာပြီး အိမ်အကြီးကြီးကိုသွားရမယ်လို့ arjuma Tenကပြောတဲ့အခါ ကျနော် ကတော့ ကလေးပီပီပျော်ရွှင်တာတခုထဲ စိတ်မှာခံစားရတယ်...
YOU ARE READING
Colourless Rainbow
Fanfictionကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်တွေက ဘယ်လိုပဲစည်းခြားထားပါစေ အမြဲအတူရှိနေကြမှာပါ