"Hello အင်း ငါကျောင်းဆင်းပြီ ဘယ်ကိုလာခဲ့ရမှာလဲ?""မင်းတို့အိမ် လမ်းထောင့်က cafeကို
သိတယ်မလား အဲ့မှာစောင့်နေ""စောင့်နေ??
စောင့်နေဆိုတော့ မင်းကမလာသေးဘူးလား""အေး ငါဝင်စရာနေရာလေးရှိသေးလို့
စောင့်ဆို စောင့်နေပေါ့ကွာ မင်းကလဲ ဘာမှပင်ပန်းတာမဟုတ်တာကို""ကောင်းပြီကွာ
ဒါဆိုလည်း 7နာရီထက်တော့နောက်မကျစေနဲ့""အင်း အင်း ဒါပဲ"
Phoneချပြီး ကျွန်တော် သူငယ်ချင်းချိန်းတဲ့နေရာကို ဦးတည်သွားလိုက်တယ်
အိမ်နဲ့နီးပေမယ့် ဒီဆိုင်ကိုကျွန်တော်တစ်ခါလေးမှမလာဖူးဘူး
ဆိုင်ထဲဝင်ဝင်ချင်း ကော်ဖီအနံ့သင်းသင်းလေးက နှာခေါင်းထဲတိုးဝင်လာတယ်
သီချင်းသံငြိမ့်ငြိမ့်ညောင်းညောင်းလေးကလည်း ဆိုင်ထဲမှာပြံ့လွင့်နေတယ်
ညာဘက်ဆုံးကနေရာလွတ်မှာ ဝင်ထိုင်လိုက်ရင် ကျွန်တော်သူငယ်ချင်းကိုစောင့်နေလိုက်တယ်
နာရီကိုကြည့်မိတော့ 5:30
......
အလကားထိုင်နေမယ့်အတူ စာလုပ်ရင်းစောင့်ဖို့စိတ်ကူးမိရင်း
ကျောင်းလွယ်အိတ်ထဲကစာအုပ်ကိုထုတ်ကာ အိမ်စာလေးတွေတွက်နေလိုက်သည်
......... 6:00 .......
6နာရီတောင်ထိုးသွားပြီ ဟိုကောင်ကမလာသေးဘူး
ဘယ်နှယ့် သူများတွက်ထားတဲ့စာက်ုလည်း သူကကူးချဖို့စာအုပ်ငှားရသေးတယ်
ငှားချင်တဲ့လူက စောစောမလာ
ငှားပေးရမယ့်လူကို စောင့်ခိုင်းထားတယ်စားပွဲပေါ်က ကော်ဖီခွက်ကို စိတ်တိုတိုနဲ့မော့သောက်မိတော့
ကော်ဖီကတစ်စက်မှမကျန်တော့ဘူး"ကျစ် Lee Jeno လာမှတွေ့ဦးမယ်"
ကျွန်တော် စိတ်တိုတိုနဲ့ ကြုံးဝါးမိတယ်
..........6:30..........
~~ ♪♪♪~~♪♪♪♪~~~♪♪♪
~~♪♪~~~♪♪♪~~~~♪♪♪
![](https://img.wattpad.com/cover/109849367-288-k774633.jpg)
YOU ARE READING
PIANO. markyong [Discontinue]
Romance- Mark Lee - - Lee TaeYong - Started date: 2017.May.20