→→→
"ကဲ ဒီနေ့တော့ဒီလောက်ပါပဲ
အင်္ဂါနေ့တုန်းက
ပေးထားတဲ့ အိမ်စာကို မနက်ဖြန် အပြီးထပ်ကြပါ""ဟုတ်ကဲ့ ပါ ဆရာ!!!"
ကျောင်းဆင်းတော့ ကျွန်တော်လွယ်အိတ်ကိုလက်ကဆွဲပြီး
အိမ်ပြန်မယ်လုပ်ခါနီး မှ သတိသွားရတယ်Jeno ဆီမှာ ကျွန်တော့်အိမ်စာလုပ်လက်စစာအုပ်တွေက
"Ya Lee Jenoခဏ ခဏနေဦး"
သူ့နောက်အမှီပြေးလိုက်ခေါ်လိုက်ရတယ်
တော်သေးတာပေါ့ မေ့တော့မလို့
မနက်ဖြန် မထပ်နိုင်ရင် ဒဏ်ပေးခံရမှာ"ဘာတုန်းဟ အလန့်တကြားနဲ့ ?"
"ငါ ငါ့စာအုပ်တွေ ပေးဦး
အိမ်စာကကျန်သေးတယ်""ဟင် ငါလည်းကူးတာမပြီးသေးဘူးလေကွာ"
ဒီကောင်ကတော့ အမြဲတမ်းအဲ့အတိုင်းပဲ
ဘယ်လိုလုပ်ရပါ့
"ငါ မနက်ဖြန် မနက်စောစောကျ မင်းအိမ်လာပေးမယ်လေ
အဲ့လိုဆိုငါတို့နှစ်ယောက်လုံး အဆင်ပြေပြီဟုတ်တယ်မလား
ကျန်တာ မနက်ဖြန်ဆက်ကူးမယ် :D"Jenoက သူ့မျက်လုံးတွေမှေးတဲ့အထိ ပြုံးပြပြီးပြောတယ်
"ဒါဆိုလည်း အေးကွာ
မနက်စောစောသေချာပေါက်လာပေးဖြစ်အောင်
လာပေးနော် ""OK သူငယ်ချင်း စိတ်ချ
ငါသွားပြီ ဒါဆို""Ok bye ~~"
ကျွန်တော်တို့သွားရမယ့်လမ်းကြောင်း မတူလို့
အချင်းချင်း နှုတ်ဆက်ပြီး လမ်းခွဲလိုက်တယ်"Jeno က Taeyong-hyung ပြန်ရောက်တာငါ့ကိုဘာလို့မပြောပါလိမ့်??
Taeyong-hyung ကရော
ဘာလို့ ငါ့ကိုမသိစေချင်တာလဲ???"ကျောင်းကနေ အိမ်အပြန်လမ်းမှာတွေးနေမိတာ
ကျွန်တော် အရမ်းသိချင်မိတယ်
Taeyong hyungပြန်ရောက်တာကို
ဘာလို့ဖုံးကွယ်ထားကြတာလဲဆိုတာကိုပြီးတော့ ကျွန်တော်hyungကိုတွေ့ချင်တယ်
ခွဲခဲ့ရတာ6နှစ်တောင်ရှိနေပြီလေ .....

YOU ARE READING
PIANO. markyong [Discontinue]
Romance- Mark Lee - - Lee TaeYong - Started date: 2017.May.20