"ဟေ့ရောင် မင်းအစ်ကိုကpianoတီးတတ်တာလား"
အိမ်အောက်ထပ်က ထွက်လာတဲ့pianoအသံလေးကြောင့် ကျွန်တော်မေးမိသည်
"အေး ဟုတ်တယ်ကွ"
"ငါ ငါpianoတီးနည်း သင်ချင်လို့ မင်းလိုက်ပြောပေးပါလား"
"အာ ငါကဘာလို့ပြောပေးရမှာလဲ
မသင်ချင်ပါနဲ့ကွာ ငါနဲ့ကစားတာတောင်မပြီးသေးဘဲ-""Jenoya လုပ်ပါကွာ ငါသင်ချင်လို့ပါ"
"ဒီတစ်ပွဲဆော့ပြီးရင် ပြောပေးမယ်ကွာ"
"အိုခေ အိုခေ"
"Markရေ
သားအဖေ ရောက်နေတယ်"အိမ်အောက်ထပ်က Jeno အမေလှမ်းခေါ်သံ
"မင်း အဖေကလည်းဒီနေ့မှ အစောကြီးလာခေါ်နေပါလား"
"ဟုတ် ဟုတ်ကဲ့ လာပြီ အန်တီ"
"သြော် ဒါနဲ့မိတ်ဆက်ပေးရဦးမယ်
Taeyong ရေ သားခဏလာပါဦး"ထောင့်ကအခန်းထဲကနေထွက်လာတဲ့ လူတစ်ယောက်
ပထမဆုံး သူပုံစံကိုမြင်ရတာတော့ သူကျွန်တော့်ထက်အသက်အများကြီးကြီးမယ်လို့တွေးလိုက်မိတယ်"ဒါ Canada မှာ ကျောင်းတက်နေတယ်ဆိုတဲ့ သားလေးလေ
Taeyong အခုမှပဲလူကိုယ်တိုင် မိတ်ဆက်ပေးရတော့တယ်
Jenoလေးမွေးပြီးကြတည်းက လွှတ်လိုက်ရတာဆိုတော့လည်း-""ကဲပါ အမေရယ် အခုသားပြန်ရောက်နေပြီပဲ
ဒါတွေ ပြောမနေပါနဲ့တော့
တွေ့ရတာဝမ်းသာပါတယ် ဦးလေး"သူက ကျွန်တော့်အဖေကို ခေါင်းငုံ့ပြီး လက်ဆွဲနှုတ်ဆက်တယ်
"အေး အေး ဝမ်းသာပါတယ်ကွယ်
ဦးကတော့ Jenoသူငယ်ချင်းရဲ့အဖေပါ
အလုပ်သွားတုန်း ဒီပဲပို့ထားရတယ် ""ဟား ရပါတယ်ဗျာ အိမ်မှာ Jenoကလည်းတစ်ယောက်တည်းဆိုတော့
နှစ်ယောက်အဖော်ရတာပေါ့""ခဏထိုင်ပါဦးလား စားစရာသွားပြင်ပေးမယ်လေ"
Jenoအမေက ဝင်ပြောပြန်တယ်
"မလုပ်ပါနဲ့တော့ ရပါတယ်
ကျွန်တော်လည်းသွားစရာလေးရှိနေလို့ သားကိုလာခေါ်တာ"
YOU ARE READING
PIANO. markyong [Discontinue]
Roman d'amour- Mark Lee - - Lee TaeYong - Started date: 2017.May.20