✴When the game is start...✴

95 11 0
                                    

"Ya..ya..ya ဟိုမှာ Zhang Luhanလာ​နေပြီ..."

"Hahahahaha........."

ကျောင်းသားတ​ယောက်​​ပြောလိုက်​တဲ့ စကား​ကြောင့်​ ​​ကျောင်းကော်​ရစ်​တာ တစ်​ခုလုံး ရယ်​သံများ ဆူညံသွားကြသည်​။ အ​ကြောင်းမှာ​တော့ Zhang Luhanဆို​သော ​ကောင်​​လေး​ကြောင့်​ ဖြစ်​သည်...။

"Yar...Irene . Zhang luhan ဆိုတာ နင့်​Sehunကို စိန်​​ခေါ်လိုက်​တဲ့ ​ကောင်​စုတ်​မလား"

"Hk ဟုတ်​တာ​ပေါ့။ သူ့လို ဘာမဟုတ်​တဲ့ ​ကောင်​ကများ ငါ့တို့ Kingကို စိန်​​ခေါ်ရဲတယ်​"

"​အေး​လေ။ ပုံစံကိုကစိတ်​ပျက်​စရာ။ မှန်​​ကြောင်​..."

Zhang Luhan။ သူ ဒီအ​ကြောင်း​တွေကို သိပြီးသားဖြစ်​သည်​။ သူ​နောက်​ကွယ်​မှာ မ​ကောင်း​ကြောင်း​တွေ ​ပြောကြသည်​။ သူဂရုမစိုက်​ပါ။ ယခုလည်း သူကို မ​ကျေနပ်​ကြတဲ့ Ireneနဲ့ BoAတို့၏ ​ပြောသံများကို ကြား​နေရပါသည်​။

XoXo university. အင်​မတန်​စိတ်​ပျက်​ဖို့​ကောင်း​သော ​နေရာဖြစ်​သည်​။ သူ ​ပြောင်းသမျှ​ကျောင်းထဲတွင်​ ဒီ​ကျောင်းသည်​ အ​တော်​ဆိုးသည်​ဟု သူ မှတ်​ချက်​​ပေးမိသည်​။ Scholars ရသူများ၊ Popularဖြစ်​​သော မိဘ အသိုင်းအဝိုင်းမှ မဟုတ်​သူများကို နှိမ်​ကြသည်​။ မတူသလို ဆက်​ဆံကြသည်​။ ဆင်းရဲသူများနဲ့ အ​တော်​အသင့်​ချမ်းသာသူများ​တောင်​ မတက်​နိုင်​​သော ​ကျောင်းဖြစ်​သည်​ တနည်း ဒိတ်​ဒိတ်​ကြဲ များသာ တက်​နိုင်​​သော​ကျောင်း ဖြစ်​သည်​။ သူသည်​ အ​တော်​သင့်​ချမ်းသာသူဖြစ်​သည်​ Scholar ရသူ ၃​ယောက်​ထဲမှာ သူအပါအဝင်​ဖြစ်​သည်​။

Luhanသည်​မ​နေ့ကမှ ​ကျောင်းကို စ​ရောက်​လာခြင်းဖြစ်​သည်​။ ​ရောက်​​ရောက်​ခြင်းပြဿနာနှင့်​ ကြုံခဲ့ရသည်​။ အ​တော်​ဆိုးဝါးလွန်းသည်​...ဘာ​ကြောင့်​ Kingကိုမှ သွားစိန်​​ခေါ်မိသလဲ ဆိုတာကို​တော့ သူကိုယ်​တိုင်​ပင်​ စဉ်းစား၍ မရပါ။ သူသတ်​မှတ်​လိုက်​သည်​က​တော့

ဟိုး...​ကောင်းကင်​ထက်​က နင့်​ကို ကြည့်​ပြီး ငါ​ပျော်​ပါတယ်​Où les histoires vivent. Découvrez maintenant