ဘီဘီဒီ ဘာဘီဒီဘူး

3.1K 348 29
                                    

English skill နှင့်​ ပတ်​သက်​ပြီး စိတ်​​ကျေနပ်​မှု
မရှိသည့်​ Park Chan တစ်​​ယောက်​...
English ကား​တွေကို တစ်​ထိုင်​တည်းထိုင်​ကြည့်
နေသည်​...။

ကျန်​memberများက​တော့ အ​ပေါက်​၀တွင်
စုပြုံရပ်​​နေရင်း...Park Chan၏ အာရုံစူးစိုက်​မှုကို
တစ်​​ယောက်​တစ်​မျိုး အကဲခတ်​​နေကြ၏...။

" game အ​ဆော့လွန်​ပြီး...
ဦး​နှောက်​​တွေ အကန့်​လိုက်​ ​ချောင်​ထွက်​ကုန်​​တယ်
ထင်​တယ်​... "

မေး​စေ့​လေးပွတ်​ကာဖြင့်​ ​ကောက်​ချက်​ချလိုက်​​သော
Baekhyun၏ စကားအဆုံးသတ်​တွင်​...DO
ကလည်း ကြိတ်​မနိုင်​ခဲမရ​သော အသံ​လေးဖြင့်​...

" ဒီလိုသာဆို ငါ့ဟင်းအသစ်​ကို မြည်းစမ်းကြည့်​ခိုင်းလို့
မဖြစ်​​သေးပါဘူး...၊
တော်​ကြာ သွက်​သွက်​ခါ​အောင်​ရူးသွားမှ... "

" Aက​နေZအထိ တန်းစီရွတ်​သွား​တောင်
ရိုးရာသီချင်းဖွင့်​တာလားလို့​မေးမယ့်​သူက
ထူးထူးခြားခြား​တွေ တယ်​လုပ်​​နေတာပါလား... "

Xiumin အ​ပြောကို...Galaxyကလည်း...

" ​အေး​လေ...
အခုဖွင့်​ထားတဲ့ ဇာတ်​ကားနာမည်​​တောင်
တစ်​ည​လောက်​ အဘိဓာန်​ရှာပြီး ဖတ်​တဲ့သူကများ... "

ရှားရှားပါးပါး ကြိုးစား​နေတဲ့ က​လေးကို နှိပ်​ကွပ်​​နေ
လိုက်​ကြတာများ... ... ... ။

" နား​အေးပါး​အေး အိပ်​ချင်​တယ်​လို့သွား​ပြောချင်​​သော်
ငြား... ငါ သွား​ပြောလိုက်​မှ အရူး​သွေးကြွပြီး
ထ​သောင်းကျန်း​နေမှာ​ကြောက်​ရတယ်​... "

" Lay...ငါ့ကို မူကြိုက​လေးလို့​ပြောပြီး
ရပ်​ကွက်​ထိပ်​က က​လေးထိန်း​ကျောင်းကို တစ်​ရက်
လောက်​သွားအပ်​​ပေးထားလို့မရဘူးလားဟင်​...
အဲ့လို မူမမှန်​တာ​တွေမြင်​ရရင်​ ငါ​ကြောက်​လို့ပါ... "

မျက်​နှာ​လေးငယ်​ကာ ငိုချ​တော့မတတ်​​တောင်းပန်​​နေ
သော Luhanကို ဘယ်​လိုပြန်​​ချေပရ​တော့မည်​မှန်း
သူတို့အားလုံးတကယ်​ပင်​မသိ​တော့...။
သူတို့ကိုယ်​တိုင်​လည်း Chanyeolကို နားမလည်
နိုင်​ဖြစ်​​နေကြသည်​​လေ...။

" အဲ့တာ ကျွန်​​တော်​တို့2​ယောက်​ အမှားပါ...
နေ့လည်​က Kai မှာလိုက်​တဲ့ ကြက်​ကင်​ကို
Yeol Hyungက chickenလို့အသံထွက်​အမှန်
အတိုင်းထွက်​တာကို...ကျွန်​​တော်​တို့က မှား​နေတယ်
Kitchen မှအမှန်​ဆိုပြီး ​မွှေ​ပေးလိုက်​တာ...
အဲ့တာ...သူ့ကိုယ်​သူ မသိရန်​​ကောဆိုပြီး
အခုလို အသည်းအသန်​ကြည့်​​နေ​တော့တာပဲ... "

အခုမှ တရားခံနှစ်​​ယောက်​ဖြစ်​​သော Tao နှင့်​ Kai
ကို အဖွဲ့ဝင်​​တွေ မ​ကျေမချမ်း မျက်​​စောင်းထိုးကြည့်
လိုက်​ကြသည်​...။
သူတို့အတွက်​ englishလို နိုင်​ငံရပ်​ခြားစကား​တွေဆို
ဆားကို​တွေ့တဲ့ တီ​တွေလို ထွန့်​ထွန့်​လူး ​ဝေး​ဝေးက
ပြေးချင်​ကြသည်​ကိုး...။

" ငါ မျက်​စိစုံမှိတ်​ပြီး ဆိုဖာ​ပေါ်က​နေသာ ခုန်​ချချင်
လိုက်​​တော့တယ်​...
ကြား​နေရတဲ့ အသံထွက်​​တွေ ​ခေါင်း​တွေ​တောင်
ကိုက်​...လျှာ​တွေ​တောင်​ လိပ်​လာသလိုပဲ... "

စွန့်​စွန့်​စားစားကြီး ဆိုဖာ​ပေါ်က​နေ ခုန်​ချချင်​ပါသည်​ဟု
ပြောလာ​သော Chenကို Suho ​ခေါင်း​လေးခါရမ်း
ရင်းသာ ကြည့်​လိုက်​မိသည်​...။
ဟိုတစ်​​ယောက်​ကို ဘယ်​လိုသွားထိန်းရမလဲမသိလို့မှ
တစ်​မျိုး...။

ထိုအခိုက်​...အခန်းထဲကို လှစ်​ခနဲ​ပြေးဝင်​သွား​သော
အငယ်​ဆုံး​လေး...၊
လက်​ထဲမှာလည်း bubble tea ​ဘူး​တွေကို
နိုင်​သ​လောက်​သယ်​သွားပြီး...ငိုကြီးချက်​မ အသံဖြင့်​...

" Yeol Hyung~~~
ကျွန်​​တော့်​ bubble​လေး​တွေကို အကုန်​​သောက်
ချင်​​သောက်​လိုက်​ပါ​နော်​...
စိတ်​ကို​တော့ထိန်းပါဦးဗျာ...
နော်​...Yeol Hyung ah~~~~~~
ရှိကြီိးခိုးပါရဲ့ TV ပိတ်​လိုက်​ပါ​တော့ဗျာ... "

Hyungဖြစ်​သူကိုပဲ စိတ်​ပူ​လေသည်​လား...
Englishအသံ​တွေကို နားမ​ထောင်​​တော့ချင်​သည်​ပဲ
လား​တော့မသိ...
တက်​မတတ်​ငို​နေ​သော အငယ်​​လေးကို...
Park Chan သက်​ပြင်းချကြည့်​လိုက်​ရင်း...

" ​အေးပါကွာ... နားလည်​သ​လောက်​ရှိ​နေပြီဆို​တော့
ပိတ်​​တော့မှာပါ...ဒါ​ပေမယ့်​...တစ်​ခု​တော့ကူညီကြ
ကွာ...၊ Baek ဆိုဖူးတဲ့ Ringing in the Sain ​လေး အတူတူဆို​ပေးကြမလား... "

Chanyeol ​မျှော်​လင့်​တကြီးလှည့်​ကာ ​တောင်းဆို
လိုက်​​သော စကား​နောက်​...
ကျန်​member​တွေဆို အသည်းအသန်​​ရှောင်​ထွက်
ပြေးကုန်​ကြတာ...။
Baekhyunဆို ​မေ့လဲ​တော့မတတ်​...။

အွန်း​လေ...​ခေါင်းစဉ်​ကို​တောင်
Ringing in the Sain လို့ ​ပြောချလိုက်​တာ
ကိုး... ... ...။

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

အလည်​တစ်​​ခေါက်​ လာ​ရောက်​၏... :D

You've reached the end of published parts.

⏰ Last updated: Jun 05, 2017 ⏰

Add this story to your Library to get notified about new parts!

Laugh With 12 WolvesWhere stories live. Discover now