"C-H-A-N-Y-E-O-L"
Kai ရဲ့ ဒေါသစွပ်ဖက်နေတဲ့ အသံက တောနက်ထဲထွက်လာတဲ့ ခြင်္သေ့ဟိန်းသံလို
တိတ်ဆိတ်နေတဲ့ ညသန်းခေါင်မှာ ဟိန်းထွက်လာသည်။Kai အော်သံကြောင့် kyungsoo ခမျာ ဆက်ခနဲ့တုန်တက်သွားသည်။
chanyeol ကတော့တုန်လှုပ်ပုံမရ သက်ပြင်းရှည်ကြီးတစ်ချက်ကိုသာ ခပ်ယဲ့ယဲ့ ချရင်း." အခုလောက်ဆို မင်းကျေနပ်သင့်ပြီလို့ထင်တယ် Kai..
ရွာကထွက်လာတာ အတော်လည်းကြာနေပြီဆိုတော့..
မမြင်ဖူးတာ မစားဖူးတာ မလုပ်ဖူးတာ မသွားဖူးတာ မရှိလောက်တော့ဘူး...မင်းသိချင်တာတွေအကုန်လည်း သိပြီးလောက်ပြီဆိုတာ...မင်းအတွက် သင့်တော်တဲ့ မိန်းကလေး တစ်ယောက်ရှာပြီး အိမ်ပြန်ဖို့ပဲ ကျန်တော့တာလေ..ဘာကိုတွေဝေနေတာလဲ KAI''" မင်းဘာမှမသိဘူး chanyeol..ငါဒီကိုလာတာ
ဒီလောက်ရိုးရှင်းတဲ့ကိစ္စလေးတွေအတွက်မဟုတ်ဘူး''"ဒါသိစရာမှမလိုပဲ..lutan က ဒီမှာလို နည်းပညာပိုင်းမထွန်းကားဘူး မတိုးတက်ဘူး..ဟုတ်တယ်..ဒါပေမဲ့ အဲ့နည်းပညာတွေ
မရှိဘဲ.. lutanမှာ ငါတို့လူမျိုးတွေ ဘိုးဘေးအစဉ်အဆက်နေလာတာ ဆုတ်ယုတ်သွားတာမရှိခဲ့ဘူးလေ..ဒါနဲ့များ ဘာကိုပြောင်းလဲစရာ လိုလို့လဲ. အလကား ဒါ .
..မလိုအပ်တဲ့နေရာမှာ မင်းက မင်းရဲ့အချိန်တွေကို ပေးနေတာဘဲ kai.အသုံးကိုမကျဘူး..'ကျစ်' ''Chanyeol က ငါပြောတာ မဟုတ်လို့လား ဆိုတဲ့ သဘောနဲ့ မျက်ခုံးနှစ်ဘက်ပင့်ကာမေးသည့်စကားကြောင့် အစတည်းက ဒေါသထွက်နေတဲ့ kai အံတတိတိကြိတ်ကာ
ကျိတ်ကျိတ်ပါအောင်ဆုတ်ထားတဲ့ လက်သီးက chanyeol မျက်နှာကို ချိန်ရွယ်လိုက်သည်။" ခွတ်.. '' ဆိုတဲ့အသံနဲ့အတူ လှည်ထွက်သွားသော
Chanyeol မျက်နှာ...😱
လေပေါ်မှာ ရပ်တန့်သွားသော kai ရဲ့လက်သီး.✊.
လက်သီးအရာမှာ လက်ဦးမှုယူသွားတဲ့ kyungsoo..တမဟုတ်အတွင်း ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်က မြန်ဆန်လွန်းတယ်။
တချိန်လုံး ထို lutan သားနှစ်ယောက်ပြောနေတာကို
တိတ်ဆိတ်စွာနားထောင်နေခဲ့သည့် kyungsoo..
Chanyeol ရဲ့စကားအဆုံး အလင်းတန်းတွေရဲ့
အလျှင်နှုန်းကဲ့သို့ chanyeol မျက်နှာပေါ်ရောက်လာသည့် လက်သီးက Kyungsoo လက်သီးပင်...😱
![](https://img.wattpad.com/cover/79170751-288-k846164.jpg)
YOU ARE READING
Teach ME More!!
RomanceKyung Soo သူ့ရှေ့က သတ္တဝါ ..(Arnyi လူဆိုရင်ပိုမှန် လိမ့်မယ်).... သူ ပါးစပ် အဟောင်းသားဖြင့် ကြည့်နေမိတေ... ကြည့်ပါလား ဒီလောက် ကျောစိမ့်အောင် အေးတဲ့ Korea ကို ဒီလူ ဒီလိုပုံနဲ့ လာရသလား... "Why? Why me?" Tourist guide လည်းမဟုတ် ဆွေ...