Ep - 11

430 60 8
                                    

Tae လဲ သူ့တပည့်တွေကိုပြောပြီး Tyler ဘက်ပြန်လှည့်လိုက်သည်

Tyler - မင်းရဲ့အလုပ်က ပင်လယ်ပြင်မှာ
ဒီမှာလာပြီးမနှောက်ယှက်ပါနဲ့😠

Tyler ပြောပြီး tae ရဲ့အင်္ကျီကော်လာကိုလွှတ်လိုက်သည်
ပြီးတော့ sailor တစ်ယောက် ကိုင်ထားတဲ့ ဖန်ပုလင်းကိုဆွဲယူပြီး ခွဲပစ်လိုက်သည်

ခွမ်း~

ထိုစဉ် ခုနက tae အတွက် sica ကိုစကားပြောပေးနေတဲ့ man စိတ်တိုသွားပြီး
Tyler ကိုဆွဲထိုးလိုက်သည်
အဲ့နောက် man တင်မကပဲ sailor တွေအကုန်လုံး tyler ကိုဝိုင်းလုပ်ကြသည်
Tae ကတားနေပေမယ့် တစ်ယောက်မှ tae စကားကိုမနာခံကြတဲ့အဆုံး tae ကဝင်ဆွဲရင်း ထိုးခံလိုက်ရသည်

Tyler နဲ့ tae အဖွဲ့သားတွေရုန်းရင်းဆန်ခတ်ဖြစ်နေတာကိုSoosicaကတော့ ဘေးကကြည့်ပြီးစိတ်ပူရုံမှအပဘာမှမတတ်နိုင်ကြ

Sica's နားနေခန်းထဲတွင်

Nurse lee ကတော့ tyler မျက်နှာပေါ်က ဒဏ်ရာတွေကိုဆေးထည့်ပေးဖို့ ဆေးဗန်းကိုင်ကာ ပျာပျာသလဲ ဝင်လာသည်

Sunny - သိပ်နာနေလားဟင် ခဏလေးလေးအောင့်ထားနော်😧

Sunny tyler ကိုဆေးထည့်ပေးနေသည်

ထိုစဉ် sooyoung က

Soo - စီနီယာကအရင်ကနဲ့မတူတော့ပါ့လား သူများနဲ့ရန်ဖြစ်တတ်နေပြီ

Tyler ဒေါသသံဖြင့်

Tyler - သူကကြာလေလွန်လေဖြစ်လာတော့ ဘယ်လိုသည်းခံနိုင်တော့မှာလဲ

Soo - တကယ်လွန်တာက စီနီယာပါ ရှင့်ကြောင့်သာမဟုတ်ရင် အခြေအနေကဒီလိုဖြစ်လာမှာမဟုတ်ဘူး

Sica - ထားလိုက်တော့ ပြောမနေနဲ့တော့

Soo နဲ့ tyler အခြေအတင်ဖြစ်နေတာကိုSica ကိုဝင်တားလိုက်သည်

Sica - စိတ်မကောင်းပါဘူး ဒါတွေက sicaအပြစ်တွေပါ နောက်ဆိုရင် sica ကိစ္စတွေကို ဝင်မစွက်ဖက်ပါနဲ့ ကိုယ့်ဘာသာပဲဖြေရှင်းမယ်

Sica tyler ကိုပြောလိုက်တော

Tyler - ကိုယ့်ဘာသာကိုဖြေရှင်းနိုင်လို့လား
ဒီလူကနေ့တိုင်းလာပြီးနှောင့်ယှက်နေတာကို ကိုယ်ဝင်မပါလို့ဖြစ်ပါ့မလား
ဒါကိုယ့်ဆေးရုံလေ

Into The SunWhere stories live. Discover now