Ep - 15

348 58 2
                                    

Soo - sica ah မသွားလို့မရဘူးလား

Sica - ဘာလို့လဲ

Soo - ငါမနေ့ကရောက်ခဲ့ပြီးပြီ အားလုံးအဆင်ပြေတယ်
ပြီးတော့ဒီနေ့ကနှစ်ပတ်လည်နေ့လဲမဟုတ်ဘဲနဲ့

Sica - နှစ်ပတ်လည်နေ့မဟုတ်လဲဘာဖြစ်လဲ ဒီနေ့ oppa မွေးနေ့မလား ငါသွားမှာ

ထိုစဉ် ဆိုင်ထဲသို့ yoona အပြေးအလွှားဝင်လာသည်

Yoon - chaw ကိုမှတ်မိလား Kim Taeyeon ညီမပါ ဟိုတစ်ခါကအူအတက်ပေါက်လို့ဆေးရုံလာတက်သေးတယ်လေ

Sica - ဘာကိစ္စရှိလို့လဲ

Yoon - oppa ဆီကဖုန်းမလာဘူးလား

Sica - နင့်အစ်ကိုကိစ္စကိုဘာလို့ငါ့ကိုလာမေးနေရတာလဲ

Yoon - oppa ပျောက်နေလို့ပါ

အဲ့တော့မှ sica လဲစိတ်ပူသွားသည်

Sica - ပင်လယ်ခရီးထွက်သွားတာမဟုတ်ဘူးလား😮

Yoon - မဟုတ်ဘူး မနေ့က oppaတို့သင်္ဘောပြန်ရောက်လာတယ်
ပြန်ရောက်ရောက်ချင်းတော့ chaw ဆီဖုန်းဆက်သေးတယ် နောက်တော့ အဆက်အသွယ်မရတော့ဘူး
သူ့ဆီဆက်တော့လဲ စက်ပိတ်ထားတယ် အရင်တစ်ခါမှဒီလိုမဖြစ်ဖူးဘူး😢

Yoon ကငိုမဲ့မဲ့နဲ့ပြောလိုက်သည်

Sica - သူ့အဖွဲသားတွေကိုမမေးကြည့်ဘူးလား
(သူပဲမချစ်နိုင်ဘူးပြောပြီး ခုမှစိတ်ပူနေတယ်😒)

Yoon - chaw ဖုန်းဆက်ပြီးမေးသေးတယ် ဒါပေမယ့် သူတို့က မပြောကြဘူး😢
ဒါကြောင့် chawလဲဘာလုပ်ရမလဲမသိဘူး oppa တစ်ခုခုဖြစ်မှာစိုးရိမ်မိတယ်😢

#######

Sica Siwon ဆီသွားမယ်ဆိုပြီးပဲsoo ကိုပြောပြီးထွက်လာခဲ့သည်
စိတ်ထဲမှာတော့Tae ကိုစိတ်ပူနေခဲ့သည်
ကားပေါ်တွင်taeyeon သူ့ကိုနောက်ဆုံးတွေ့တုန်းကပြောခဲ့တဲ့စကားတွေကိုပြန်ကြားယောင်မိနေသည်

Sicaအခု သွားနေတဲ့နေရာပင်လယ်ဘက်ဆိုတော့ Tae ကိုတွေ့မလားဆိုပြီး လမ်းဘေးဝဲယာတွေကိုရှာကြည့်နေမိတယ်
တနေရာရောက်တော့ စိတ်ပျက်လက်ပျက်နဲ့လျှောက်သွားနေတဲ့ Tae ကိုမြင်သွားသည်

Sica ကားကိုဘေးထိုးချရပ်လိုက်ပြီး tae ကို back မှန်နဲ့ကြည့်နေမိသည်

Into The SunWhere stories live. Discover now