မှိန်ပြပြ မီးအလင်းရောင်လေး သာရှိနေတဲ့ အခန်းသေးသေး နှင့်မှောင်မဲနေတဲ့ မြေအောက်ခန်း ဆိုတာကို ကျနော်သိလိုက်သည်
အရှေ့မှာ လူရိပ်ပုံစံကို ဝါးတားနဲ့ မြင်နေရသည် မည်သူလဲတော့ ဝေခွဲမရ ကျနော့မျက်စိထဲ မီးအလင်းရာင်က တဖြေးဖြေး ပိုပို၍လင်းလက် စွာထင်ပေါ်လာတဲ့ လူရိပ်ပုံစံသူ jimin hyung!!!
ကျနော် နှုတ်ခမ်းမှ ဘာအသံမှထွက်မလာခဲ့ အခုမှသတိထား မိသည် ပါးစပ်ကို အဝတ်စဖြင့် ချီးနှောင်ထားပြီး လက်ကိုလည်း နောက်ပြန်ကြိုးချည်း ထားသည်
အရှေ့မှာ ကျနော့hyung ကျနော့ကို အစစအရာရာ ကြည့်ရှုစောက့်ရှောက့် ခဲ့တဲ့hyung အခုတော့ ကျနော့ကြောင့် hyungနာကျင်ရပြီး
အရှေ့မှ လက်နှစ်ဖတ်ကို သံကြိုးနှင့်ခတ်ထားပြီး ဒူးထောက်အနေထားနှင့် ခြေထောက်နှစ်ဖတ်ကို သံကြိုးခတ်ထားတဲ့ jimin ရဲ့ ကျောပြင်မှာ ကြည့်မကောင်းလောက်အောင် ဒဏ်ရာတွေ ပြည့်နေသည် မျက်နှာဖူး ရောင်နေပြီး နဖူးကွဲသွေးတံ တရဲရဲနှင့် jiminဟာ မေ့မျောနေ သယောင်
Jiminနား တရွတ်တိုက် ရွေ့ကာသွားလိုက်ပြီး jiminရင်ခွင်ထဲ တိုးဝင်ကာ ကျနော့ခေါင်းနှင့် အနည်းငယ် ပွတ်တိုက်မိပြီး မျက်လုံးလေး ဖြေးဖြေးချင်း ပွင့်လာသည် hyungဘာမှ မဖြစ်ပါဘူးနော် လို့မေးချင်ပေမဲ့ အသံကထွက်မလာပဲ မျက်ရည်တွေသာ စီးကျနေခဲ့တယ်
အ့!!!အားးးးး ခွင်ချာနာ!!
တိုးလျတဲ့ hyungရဲ့အသံ လေးကအခန်း ထဲမှာပင် ပဲ့တင်လို့
အူး...ဝူးဟူး..ဝူး ဟင့်..ဟီး!!
အ့!!!! ခွင်ချာနာရော် tae ငါအဆင်ပြေတယ်
အပြုံးလေးနှင့်ဆို လာတဲ့jimin ကျနော်ပြောပြချင် ပေမဲ့ ပြောမရပဲ ဝူးဝူးဝါးဝါး အသံတို့သာ ပဲ့တင်လျှက် သူကအဆင်ပြေပါတယ် ဆိုပြီး သူ့နဖူးနှင့် ကျနော့နဖူးကို ထိကပ်ကာ တုန်ယင်နေတဲ့ နှုတ်ခမ်းတစုံက တခုခုကို ပြောချင်သလိုလို
ပတ် ပတ် ပတ်👏👏👏
လက်ခုတ်တီးသံနှင့်အတူ ဝင်လာတဲ့ သူ omma!!!ဆိုသူ ကောက်ကျစ်အပြုံး တို့က မျက်နှာပေါ်မှာ အထင်းသား တဖြေးဖြေး နီးကပ်လာတဲ့ ommaရဲ့ ဖိနပ်သံ