ဝီးးးးးဝူ ဝီးးးးးးဝူ ဝီးးးးးဝူ ဝီးးးးးဝူ
"တောက် ခွေးသားတွေ မြန်မြန်ပြေးတော့ ..........ရဲတွေ လာနေပြီ မိရင် အသေဘဲ ငါလည်း မကယ်နိုင်ဘူး"
ခပ်လတ်လတ်ကောင်လေး
တစ်ယောက်တော့ အပေါင်းအသင်းများနဲ့ ခြေဆုံကန်ပြီ ပြေးရပါတော့တယ်........သူကတော့ မူးယစ်ဆေးသုံးနေတဲ့ လူငယ်တစ်စုထဲက တစ်ယောက် ..... မိဘမဲ့ဟူသော အားနည်းချက်ကို မကျေမနပ်ဖြစ်ကာ လုပ်ချင်တာ လုပ်ပြီး ဆိုးသွမ်းနေသူ.........သို့ပေမဲ့ အကြီးစား မူးယစ်ဆေးစွဲနေတဲ့သူတော့ မဟုတ်ပါဘူး ဟိုတစ်ဝက် ဒီတစ်ဝက်နဲ့ အနာဂတ် မရေမရာ မသေချာတဲ့ လောက အမှောင်ဖုံးနေတဲ့သူပါ ...."Yarr........Im Yoona ရပ်စမ်း....... ခုချက်ချင်း အဲ့နေရာမှာ ရပ်စမ်း....... ငါပြေးရတာ မောနေပြီ"
"တော်စမ်းပါ Kwon Yuri ရယ်...... နောက်မှာ မင်း အဖေ ရဲတွေကို မမြင်ဘူးလား.......ခြေမသွက်ရင် ပါသွားနိုင်တယ် ဘာလဲ မင်းက ပဲထမင်းစားချင်လို့လား"
"ဘယ် ရဲမှ မလိုက်တော့ဘူး မင်းကွာ လူသေးသလောက် တောတော်ပြေးနိုင်တာဘဲ ဟော ဟဲ ဟောဟဲ"
"ဒါကလည်း ပါရမီတစ်မျိုးလို့ ပြောရမလား"
--------×××××------××××--------×××
"ဟူး ပင်ပန်းလိုက်တာ"
ကားတံခါးဖွင့်ကာ ငြီးငြူနေသော Jessica ဖြစ်နိုင်သည်..... သူဒီနေ့တစ်နေ့လုံး Photo Shooting လုပ်နေရသဖြင့် ပင်ပန်းနေသည် မျက်ခုံးများကလည်း လေးလံနေကာ အိပ်ချင်သယောင်ယောင်ရှိသည် သို့ပေမဲ့ ကားမောင်းရ အုန်းမည်ဟူသော အသိက ရှိသေးသဖြင့် အေးဆေးစွာ အိမ်ပြန်လာခဲ့သည် .....လက်ပတ်နာရီကို ငုံ့ကြည့်မိတော့ ည 12 ခွဲနေပြီ....... ဒါပေမဲ့ မအံ့သြပါ အလုပ်က တစ်ခါတစ်လေ ဒီ့ထက် နောက်ကျသောကြောင့် ဒီနေ့စောသည်ဟု ဆိုရပေမည်......
ကားပါကင်တွင် ကားရပ်ခဲ့ပြီး ဓာတ်လှေကားနှင့် ကွန်ဒိုပေါ်သို့တက်ခဲ့လေသည် အထပ်က 12ထပ်မို့ 12ထပ်ကိုနှိပ်ကာ တက်ရင်း အတွေးများစွာက ခေါင်းထဲ တစ်ခုပြီး တစ်ခု ဝင်လာသည် စိတ်ရှုပ်စရာတွေရော အများကြီးပေါ့
တီ တီ တီ တီ တီ
Password နံပါတ်ကို ရိုက်နှိပ်ကာ တံခါးကို အသာအယာဖွင့်ရင်းးး