This Love ♡ 4

435 49 4
                                    

(Unicode)

Part-4

တောင်ကုန်းမြင့်မြင့်လေးေပါ် တည်ရှိနေသည့်    ဘုရားကျောင်းတစ်ခု ရှေ့ … 

ဆောင်းနှင်းဖြူ တို့  မြေပေါ် သက်ဆင်းလျှက်ရှိစဉ် …
အေးချမ်းသော   ဆောင်းဥတု  တစ်ခုတွင်
အအေးဒဏ်ကို   အံတုကာ   ပေတေတေ ထိုင်နေသော    ကောင်လေး  တစ်ယောက်…

Kim Junmyeon …။

အသက်ကလေးရယ်မှ  ရှိလှ  ၈ နှစ်သာသာ … သို့သော်  အသက်  အရွယ်နဲ့  မလိုက်အောင်        ပေကပ်ကပ်နိုင်လှသည်။
ပြောရဆိုရ  လက်ပေါက်ကပ်သည် …။

ဖြူ စွတ်နေသော  ကောင်လေးရဲ့  အသားအရေက   အအေးဒဏ်ကြောင့် နီစပ်စပ်လေးပင်   ဖြစ်နေသည် …။

မူလကတည်းက  ချွန်နေတဲ့  နှုတ်ခမ်းဖူးဖူးသေးသေးလေးကို  ထပ်ဆူထားကာ  မျက်မှောင်ကိုကုတ်ထားပြန်သည်  …။

အဆောင်းအကာ မပါသည့် ကောက်ကွေးနေသော  ဆံပင်လေးတွေ‌ေပါ်မှာ   နှင်းစက်တို့က တပေါက်ပေါက်ကျနေပြန်သည် …။

" တကယ်ဆိုးတဲ့  ကလေးပဲ "

ဘုရားကျောင်းပေါက်မှာ ရပ်ကာ
Junmyeon ကို  ကြည့်ပြီး   ဂေဟာက ဆရာမ  တစ်ယောက်   ကောက်ချက်ချနေသည် …။

" ဒီကိစ္စကို  ဘယ်လိုလုပ်မလဲ …   သူ့ကို  ဒီအတိုင်းထားရင်    အေးခဲပြီး  သေသွားလိမ့်မယ်  …"

ဘေးက  ဆရာမ  တစ်ယောက်ကတော့  Junmyeon ကို သနားတဲ့  အကြည့်တွေနဲ့  စိုးရိမ်စိတ်တို့  လွှမ်းနေသော     စကားသံဖြင့်    ပြောသည် …။

" ခက်ပါတယ် …   ဒီလို ခေါင်းမာတဲ့ ကလေးနဲ့တော့     သေသွားရင်လည်း  အမှု့ပတ်နေဦးမှာ …"

" ဟော …  ဟိုမှာကြည့်    YiFan …
အဲ့ကလေးနား  သွားထိုင်နေပြီ "

YiFan ဆိုတာ   ဂေဟာမှာ နေထိုင်သည့်
အသက်   ၁၆  နှစ်အရွယ်  ချာတိတ်လေး  တစ်ယောက်ပင်   ဖြစ်သည် …။

လူပျိုပေါက်  အရွယ်လေး ဖြစ်ပြီး
ခန့်ညားသည့်  ရုပ်ရည်သွင်ပြင်ကလည်း  ထင်ရှားလှသည် …။

ဂေဟာမှာရှိသည့်   ကလေး  အားလုံးက Yifan ဆိုလျှင်   ချစ်ကြောက်ရိုသေကြပြီး
ဂေဟာ  ဆရာမတွေထက်ပင်  အားကိုးယုံကြည်ကြသည် …။

This Love (Unicode+ Zawgyi)Where stories live. Discover now