Master (15)

1.9K 131 13
                                    

{ 2-years later………}
.
.
.

Yixingနဲ့ကွဲကွာနေရတဲ့ Jongdae အတွက်
2နှစ်တာကုန်လွန်ခဲ့သော်လည်း သူစွန့်ပစ်ခံခဲ့ရတဲ့
အကြောင်းရင်းကို ရှာမတွေ့ခဲ့ပါဘူး

အချိန်ပြည့် နန်းတော်ဥယျာဉ်ထဲမှာ စိုက်ပျိုးထားတဲ့
အပင်လေးတွေကိုသာ ထိန်းသိမ်းနေရင်း ဘယ်သူနဲ့မှ
ထွက်မတွေ့ စကားအပြောဆိုလဲ မရှိသလောက်ပါပဲ

တဖြည်းဖြည်း စိုးရိမ်လာခဲ့တဲ့ ဖခင်ဖြစ်သူ ရှင်ဘုရင်ကတော့
ဆက်ပြီး လစ်လျှူရှုထားလို့ မရတော့မှန်းသိပါတယ် ……

King~~~ Jongdae သားအဆင်ပြေရဲ့လား

jd~~~ nae

အထွေအထူး ပြန်မပြောဘဲ နွမ်းလျနေတဲ့
ပန်းပွင့်လေးကိုသာ ဂရုတစိုက် ကိုင်တွယ်ရင်း
ပြုစုပေးနေပုံက အသက်သွင်းနေသလို……

King~~~ ခမည်းတော်ကို ကြည့်ပါဦးကွာ

jd~~~ ဘာခိုင်းစရာများရှိလို့လဲ

King~~~ သားအခုဆို နန်းတော်ထဲရောက်နေတာလည်း
ကြာပြီ သားရဲ့အကြောင်းတွေကိုပြန်မပြောပြချင်သေးဘူး
လား ဘယ်လိုနေထိုင်ပြီး ဘာတွေကြုံခဲ့ရလဲဆိုတာမျိုးပေါ့

jd~~~ အရင်ကအကြောင်းတွေ ပြန်မပြောချင်တော့
ဘူး တခုချင်းမေ့ပစ်နေရလို့ပါ

King~~~ သားသိလား  သားကိုပြန်တွေ့ခွင့်ရတာ
အိပ်မက်လိုပဲ အရမ်းလည်းအားရှိသွားတယ် အခုဆို
ခမည်းတော်ရဲ့နေရာကိုဆက်ခံမဲ့သူရပြီ တစ်ဦးတည်း
သောမျိုးဆက်ဖြစ်တဲ့ သားကြောင့်ဂုဏ်ယူရပြီဆိုပြီး
တွေးနေမိတာ ဒါပေမဲ့သားပုံစံကလုံးဝ အားရစရာမရှိဘူး

jd~~~ တောင်းပန်ပါတယ် ခမည်းတော်ကြိုက်ရာခိုင်းပါ
Vampireနဲ့ပတ်သက်တာတော့ ဘာမှမလုပ်ပါရစေနဲ့
သူတို့နာမည်တောင် မကြားချင်လို့ နားလည်ပေးဖို့
မျှော်လင့်ပါတယ်

King~~~ ဒီနှစ်တွေအတွင်း သားတစ်ခုခုဖြစ်ခဲ့တာ
သေချာတယ် ခမည်းတော်ကိုရင်ဖွင့်လို့ရပါတယ်ကွာ
မင်း အမေကလည်း သားကိုပြန်တွေ့ရင် သေချာစောင့်
ရှောက်ပေးဖို့ တဖွဖွမှာခဲ့ရှာတာ ဒီတော့ တို့သားအဖ
ရင်းနှီးမှုပြန်ယူကြမယ်လေ ပြောပြမယ်မလား

MASTEROnde histórias criam vida. Descubra agora