Episode.3

3.8K 608 74
                                    

*Ko Ko Bop* (ကိုကိုပေါ့)

နွေးထွေးမှု . . . လက်ဖဝါးကနေ တဆင့် ခံစားရတဲ့ . . နွေးထွေးမှု . . တရိပ်ရိပ်နဲ့ . . ကိုယ်ခန္ဓာအနှံ့ ပျံ့နှံ့သွားသည် ။

စောနက ခံစားခဲ့ရတဲ့ အေးစက်မှုအားလုံး . . ပပျောက်သွားပြီ . . .

ကိုကိုက ကျွန်တော်အတွက်တော့ စွမ်းအားရှင်အလား . . . .

ကျွန်တော့် ဆုံးဖြတ်ချက် . . ပိုမို ခိုင်မာသွားသည် ။

ဒီည ကိုကို့ ကို
ကျွန်တော် အလွတ်မပေးတော့ပါ။
ကိုကို့ခံစားချက်တွေကို ဖွင့်ထုတ်ပစ်မည်။

~ တီ တီ တီ ~
password ရိုက်နှိပ်သံနဲ့အတူ တံခါးပေါက် ပွင့်သွားကာ  . . ကိုကို့ရဲ့ အိမ်ဂေဟာထဲ ကျွန်တော် ရောက်ရှိသွားခဲ့သည် ။

'kyung soo ဒီမှာ ထိုင် . .'

jongin ညွှန်ပြတဲ့ ဆိုဖာပေါ် kyung soo ထိုင်လိုက်တော့ . . jonginကလည်း
kyumg soo နဲ့ မျက်နှာချင်းဆိုင်မှာ . . ဝင်ထိုင်လိုက်သည် ။

'ကဲ . .ဟြေပါအုန်း . . အပြင်မှာ ရှိနေတဲ့ အကြောင်းလေး . . အိမ်က လူကြီးတွေက မဆူဘူးလား'

'အိမ်မှာ လူမရှိဘူးး . . '

ခပ်တိုးတိုးလေး ဖြေလာတဲ့ kyung soo အသံကြောင့် jongin မျက်ခုံးပင့်သွားသည် ။
ချက်ချင်းပဲ လိုက်ကာစကို သွားလှန်လိုက်တော့ မှန်တွေနဲ့သာ ကာထားတဲ့အတွက် အပြင်ဘက်က အရာအားလုံးကို အထင်းသား မြင်ရသည် ။

မှောင်နေတဲ့ မျက်နှာချင်းဆိုင်က kyung sooအိမ်ကို ကြည့်ပြီး

'တကယ် ဘယ်သူမှ မရှိဘူးလား'

jongin မေးလိုက်တော့ kyung soo ခေါင်းညိတ်ပြကာ

'အဖွားဆေးရုံ တက်ရလို့ . . . အားလုံး သွားကြတယ် '

'မင်းက ဘာလို့ လိုက်မသွားတာလဲ '

ကျွန်တော်လား . . တမင် နေခဲ့တာလေ . . ကိုကိုအနားကပ်ရဖို့အတွက် 😀😀

'အိမ်စောင့် နေခဲ့ရတာ . . ဒါပေမဲ့ ကလေး တစ်ယောက်တည်း နေရတာ ကြောက်လို့ . . အပြင်ထွက်ပြီး ကိုကို့ ကို စောင့်နေတာ'

Ko Ko Bop (ကိုကိုပေါ့ 😝😝) || COMPLETED || Where stories live. Discover now