Episode.5

3.8K 557 64
                                    

*Ko Ko Bop* (ကိုကိုပေါ့ 😝😝)

သူနဲ့ ကိုကိုကြားက တိတ်ဆိတ်တဲ့ လေထုကြောင့် kyung soo အသက်ဝဝမရှုရဲဘဲ . . .ငြိမ်နေမိတုန်းး
နီးကပ်စွာ ရှိနေတဲ့ ကိုကိုရဲ့ နှုတ်ခမ်းလေးက တရွေ့ရွေ့ တိုးလာတာကြောင့် . .

* Yes!!!!! 😋😋
ငါက Do Kyung Sooပဲလေ . . . နောက်ဆုံးတော့ ကိုကို့အချစ်တွေ ပွင့်လင်းလာပြီ  . . တွေ့လား . . .  ဒါပဲလေ ဒီလိုပဲ ဖြစ်ရမှာပေါ့ . .ဒါအမှန်ပဲလေ . .  😌😌*

kyung soo မျက်လုံးလေး မှိတ်ကာ စောင့်ဆိုင်းနေတုန်းး……

~ ဂွီ!!!!! ~

သူဗိုက်ဆီက အလိုက်မသိစွာ ထွက်လာတဲ့ အော်သံ……

kyung soo မှိတ်ထားတဲ့ မျက်လုံးတွေကို တစ်ဖက်ချင်း ဖွင့်ကြည့်တော့ သူကို ပြုံးစိစိနဲ့ ကြည့်နေတဲ့ ကိုကို ……

*သွားပြီ!!!! ရာသီဥတုက Do Kyung Sooဘက် မပါဘူးးဟ 😣😣. .
ငါကိုက ကံမကောင်းတာပါ 😩😩*

'ဟို . . . ခေါက်ဆွဲတွေ အေးပြီးး . ပွ . .ပွကုန်တော့မယ်' .

ဟြေပြီးတာနဲ့ kyung soo မီးဖိုခန်းထဲ ထပြေးသွားတော့မှ . . jongin ထထိုင်ကာ  . . သက်ပြင်းချလိုက်မိတယ် 

ဒီကလေး သူနဲ့ မျက်နှာချင်းဆိုင်တိုက်ဆီကို စဟြေင်းလာတဲ့ အချိန်တည်းက ဒီနေ့ထိ ငါးနှစ်တိုင်တိုင် . . သူဖုံးကွယ်ထားတဲ့ ခံစားချက်တွေ ပေါ်တော့မလို့ . .

* ကလေးကလည်း သူကို ချစ်နေတာ သိတယ် . . ဒါပေမဲ့ 15နှစ်တောင် ကွာလှတဲ့ အသက်အပိုင်းအခြားကြောင့်ရော . .
အခု ဒီကလေး သူကို ချစ်တာကလည်း ဆယ်ကျော်သက်အရွယ် စိတ်ကစားတာမျိုး ဖြစ်မှာ ကြောက်နေမိတာရော . . ပြီးတော့
*ချစ်တယ်* လို့ ဟြေလိုက်ရင် . .
သူလို play boyတစ်ယောက်ရဲ့ စကားကို ကလေးက ယုံကြည်ပေးမှာလားး . . *

သူရှေ့မှာ ခေါက်ဆွဲပြုတ်ကို အားရပါးရ စားနေတဲ့ kyung soo ကြည့်ပြီး သူ့အတွေးတွေ ထွက်သွားအောင် ခေါင်းခါမိလိုက်တော့ . .

'ကိုကို!
ခေါက်ဆွဲပြုတ်က စားမကောင်းလို့လားဟင် '

ပါးလေးနှစ်ဖက် ဖောင်းနေအောင် ထည့်ထားတဲ့ ခေါက်ဆွဲဖတ်တွေကို ဝါးရင်းးး
သူကို မေးလာတဲ့ Do Kyung Soo. .

jongin ပြုံးမိတယ် . .
သူရှေ့က ကောင်လေးက
နဂို မျက်ဝန်းဝိုင်းဝိုင်းလေးတွေအပြင် . .
ပါးလေးကပါ ဖောင်းနေတော့ . . သူမျက်လုံးထဲမှာ  အင်မတန်မှ ချစ်စရာ ကောင်းနေသည် ။  . .

ကလေးရဲ့ ဘယ်ဘက် နှုတ်ခမ်းထောင့်မှာ ပေပွနေတာကို တွေ့လိုက်ရတော့ . .ချက်ချင်းဆိုသလို  ထိုနှုတ်ခမ်းလေးဆီ
jongin လက်တွေ ရောက်သွားကာ သုတ်ပေးမိတော့  . . . ဝါဂွမ်းစလေးထက် နူးညံတဲ့ နှုတ်ခမ်းသားလေးကို ထိတွေ့နေရတာကြောင့် . . ရင်တွေ ခုန်ရပြန်သည် ။

သူကို အံသြတကြီး ကြည့်နေမိတဲ့ ကလေးရဲ့ မျက်ဝန်းလေးတွေနဲ့ အကြည့်ချင်း ဆုံမိချိန်မှာတော့ . . .

*သူတွေဝေနေမိတုန်းး . . ကလေးက အခြားသူဆီ ပါသွားခဲ့ရင် . . သူ ရင်ကွဲရမှာ *

ထိုင်နေရာက လှမ်းသုတ်ပေးနေမိတာကနေ ထရပ်ကာ လက်တစ်ဖက်က စားပွဲပေါ် လက်ထောက်ကာ တစ်ဖက်က ကလေးရဲ့ မေးဖျားလေးကို ဆွဲမော့မိပြီးးး စောနက ထိတွေ့မိခဲ့တဲ့ နှုတ်ခမ်းသားလေးကို ဆွဲငုံ့ သိမ်းပိုက်မိခဲ့သည် ။

ကလေးရဲ့ အောက်နှုတ်ခမ်းသားလေးကို ပြင်းပြင်းတစ်ချက် စုပ်ယူနမ်းလိုက်ကာ လွှတ်ပေးလိုက်ပြီးး

' စောနက အနမ်းက ကိုကို့ကို ရင်ခုန်အောင် လုပ်လို့ '

ကလေးရဲ့ မျက်ဝန်းလေးတွေထဲ စိုက်ကြည့်ရင်း
ဟြေလိုက်ကာ အခုချိန်ထိ မယုံကြည်နိုင်ခြင်း များစွာနဲ့ သူကို ကြည့်နေတဲ့ ကလေးရဲ့ နဖူးလေးကို နမ်းလိုက်ကာ  . .

'ဒီအနမ်းလေးကတော့
ကလေးကို  သိပ်ချစ်မိသွားအောင် လုပ်လို့'

စားပွဲပေါ် ထောက်ထားတဲ့ လက်လေးနဲ့ပါ kyung sooပါးလေးကို အုပ်ကိုင်ပြီးးး နှုတ်ခမ်းလေးတွေကို ထပ်မံ သိမ်းပိုက်ကာ ရင်ခုန်စရာအတိ အနမ်းလေးတစ်ခု ဖန်တီးခဲ့သည် ။

*ကိုကိုဆီက ချစ်တယ်လို့ စကားကြားလိုက်ရတာက ကျွန်တော် အိမ်မက် မက်နေတာ မဟုတ်ပါဘူးးနော် *

To Be Continue.


ဖတ်ပေးကြတဲ့ chinguတို့ gomarwo. ^•^

့ '

Ko Ko Bop (ကိုကိုပေါ့ 😝😝) || COMPLETED || Where stories live. Discover now