ဒါလေးက DOSN ရဲ့ original verလေး
Dear My Study Night-1
ကျွန်မ First Sem စာမေးပွဲတွင်းကြီးပေါ့!!!!
ဆိုင်ကယ်ပေါ်က ပြုတ်ကျတာ ဒူးပါ စုတ်သွားတဲ့အပြင် လက်သန်းလေးပါ ထိမိသွားတယ်လေ.ကိုယ်ဘာသာ သူငယ်ချင်းတွေနဲ့ ဖြစ်တာဆိုတော့ အိမ်ကိုလဲ ဖုန်းဆက်မပြောရဲခဲ့ဖူး😢😢
အာ...စကားမဆက် ဇာတိနဲ့ နေရပ်က ရန်ကုန်ပါ..
တက္ကသိုလ်ကို မအူပင်မှာ တက်ပါတယ်..
အဲ့တော့ ရန်ကုန်က သူငယ်ချင်းတစ်ယောက်နဲ့ နောက်ထပ် သူငယ်ချင်းနှစ်ယောက်နဲ့ စုပြီး အိမ်ငှါးနေဖြစ်ခဲ့တယ်ပေါ့ဗျာ..ဒါက ဇာတ်လမ်း မဟုတ်သေးဖူး!!!
အခုမှ ဇာတ်လမ်းက စမှာ..အဲ့တာနဲ့ မျိုးမျိုးသူဆိုတဲ့ သူငယ်ချင်းက သတင်းလာမေးဖြစ်တယ်...
ဖြစ်ချင်တော့လဲ ကျွန်မက အိမ်က သူငယ်ချင်း နှစ်ယောက်နဲ့က မခေါ်မပြော ..
နောက်တစ်ယောက်နဲ့ ကျတော့လဲ သိပ်ပြီး အစေးမကပ်😂(social ကောင်းသော ကျမ!!!)
မျိုးသူကလဲ သူငှါးနေတဲ့ အိမ်မှာ မနေချင်တော့တာနဲ့ ကျမ အဖော်ရအောင်ရောဆိုပြီး လာနေဖြစ်သွားရော...အဲ့မှာ စပြီ မသန်းကြီးက!!
ဘယ်ပြောကောင်းမလဲ??
ကျမတို့နေနေတဲ့အိမ်က နဂိုထဲက သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးနေခဲ့တာလေ...
ပြီးတော့ မျိုးသူကလဲ သရဲမြင်နိုင်တဲ့သူတစ်ယောက်!!!ဒီလိုနဲ့ အဲ့နေ့ ကျမနဲ့အဖော်ပြုပြီး အိပ်ပေးဖို့ဆိုပြီး မျိုးသူက ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ သူ့ချစ်သူကောင်မလေး ဝင်းပပဟန်(ကျမတို့ဘသူငယ်ချင်းတွေပါပဲ.)ကပါ စာကျက်ရင်း အိပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတယ်....
(မျိုးသူက Tom တစ်ယောက်ဖြစ်ပြီး ရန်ကုန်ကပါ..
ဟန်လေးကတော့ မအူပင်ဇာတိပါ)ကျမတို့ ငှါးနေတဲ့ အိမ်ကလေးက နှစ်ထပ်အိမ်လေးဖြစ်ပြီး အောက်ထပ်က အုတ် အပေါ်ထပ်က ပျဉ်ထောင်ပုံနဲ့ ဆောက်ထားတာပါ...
အပေါ်ထပ်မှာတော့ အခန်းဖွဲ့ထားခြင်းမရှိပဲ တပြေးညီကြီးဖြစ်သလို အိမ်မှာနေတဲ့လေးယောက်ထဲမှာ ကျန်တဲ့ သုံးယောက်က အပေါ်မှာပဲ နေပါတယ်..

YOU ARE READING
Exo Horror One Shot Collection (OT12)
HorrorHorror... Horror... သရဲဆိုတာ ကြောက်စရာမဟုတ်ကြောင်း