Dear My Study Night 2
ညနေခင်း နေညိုညိုသည် တိတ်ဆိတ်ခြင်းကို သဘောဆောင်နေလေသည်...
သို့ပေမဲ့ ကမ္ဘာမြေပေါ်တလွှား လှုပ်ရှားသွားလာနေကြသော သတ္တဝါများမှာမူ ကောင်းကင်ပြင်ကျယ်နှင့် ကွဲလွဲစွာ ......
ကျမသည် အဆောင်အပေါ်ထပ် ဝရံတာတွင် ဖုန်းသုံးနေရင်း လမ်းထဲမှ ကလေးများ ခုန်ပေါက် ကစားနေသည်ကို ကြည့်နေမိလေသည်.....
ကလေးများသည်လဲ အပူအပင်ကင်းလှသည်....
နီညိုညိုညနေခင်းသည်လဲ မှောင်ရိပ် တစ်စတစ်စ တိုးလာချေပြီ.....ထိုအချိန်တွင် သက်လတ်ပိုင်း လူကြီး တစ်ယောက်သည် ကျမတို့ အဆောင်ရှေ့မှ ဖြတ်သွားခဲ့လေသည်....
ထိုလူကြီးကို သတိထားခဲ့မိနေသည်မှာ မနည်းတော့...
အဘယ်ကြောင့်ဆိုသော် ညနေဖက် အဝတ်လျှော်တိုင်း ခြေထောက်တစ်ဖက် ဆာဆာနှင့် အိမ်ရှေ့မှ ဖြတ်လျှောက်သွားပြီး အိမ်ဖက်ကို အမြဲကြည့်လျက်ရှိသည်.....
ကျမသည်လဲ ထိုအရာကို မေ့မေ့လျော့လျော့သာနေခဲ့လေသည်....
များမကြာမီ....
ညဖက် ဝရံတာတွင် ဖုန်းသုံးနေတုန်း (one night one sub😋😋)
ထို လူကြီးအား ဘေးမှ မိန်းမတစ်ယောက်နှင့်တွေ့လိုက်ရသည်....မိန်းမကြီးက ထိုလူကြီး၏ လက်ကို တွဲ၍ တဖြည်းဖြည်းခြင်း ထိန်းခေါ်လေ့သာရှိသည်....
သို့သော်ငြား ထိုလူကြီးမှာတော့ ကျမတို့အိမ်ဖက်...
အထူးသဖြင့် ကျမရှိရာနေရာသို့ အမြဲစိုက်ကြည့်သွားတတ်လေသည်....နောက်နေ့တွေ...နောက်နေ့ညတွေမှာလဲ ထိုကဲ့သို့သာ ဖြစ်တော့၏.....
~<><><><><><><><>>><>>>>><~
ညခင်း၏ အေးချမ်းမှုသည် ပတ်ဝန်းကျင်၌ရစ်ထုံနေလျက်ရှိသည်.....
မအူပင်မြို့၏ အအေးဒဏ်က ခိုက်ခိုက်တုန်လှသည်မဟုတ်ပေမဲ့ နေသာထိုင်သာတော့ ရှိလှပါသည်...
YOU ARE READING
Exo Horror One Shot Collection (OT12)
HorrorHorror... Horror... သရဲဆိုတာ ကြောက်စရာမဟုတ်ကြောင်း