*Ting- Tong*
ဘဲလ်သံကြောင့်တံခါးဖွင့်လိုက်တော့ထုံးစံအတိုင်းBaek ပေါ့
Yeol's omma- သမီးလေးရောက်လာပြီပေါ့
ထုံးစံအတိုင်းပေါ့သမီးရယ်သူကအိပ်နေတုန်း
အဲ့တော့သမီးလေးကပဲ...
Baek- nae ommonium
Yeol's omma စကားတောင်မဆုံးလိုက်Baek ကပြောပြီးအပေါ်ထပ်တက်သွားလိုက်သည်
ဟုတ်ပါတယ်လေ Baek ရဲ့တာဝန်တခုလိုဖြစ်နေတာ
ဒီတာဝန်ကိုပဲဝန်ထုပ်ဝန်ပိုးလိုသဘောမထားပဲ
ကျေကျေနပ်နပ်ကြီးထမ်းဆောင်နေတာ
ဒီတာဝန်လေးထမ်းဆောင်ခွင့်ပျောက်ဆုံးသွားမှာကိုBaekသိပ်ကြောက
်တာ
Baek- Yarr Chanyeol ya ထတော့လေ ကျောင်းသွားရဦးမယ်
ငါအဆင်သင့်ဖြစ်နေပြီ
Yeol- imm 5 min
Baek - omm ok 5minပဲနော်
Baek ကတော့ခုနကYeolကိုနှိုးတဲ့နေရာမှာတင်မတ်တပ်သေ အဲ့လေ မတ်တပ်မေ့နေပါပြီ
ဒါကလည်းမနက်တိုင်းဖြစ်နေကြအရာတခုပါ
သူငယ်ငယ်ကတည်းကချစ်ခင်တွယ်တာရတဲ့သူရဲ့မျက်နှာကို
တနေ့တာရဲ့အစမှာ5minလောက်ကြည့်နေရလိုက်ရတာနဲ့တင်
သူမရဲ့တနေ့တာလုံးအတွက်အားတွေရှိသွားသလိုပါ
ချစ်ရတဲ့သူရဲ့အနီးဆုံးမှာရှိနေခွင့်ရတာဟာလည်းသူမအတွက်မတောင်းရသေးဘဲပြည့်နှင့်နေတဲ့ဆုလာဘ်တခုလို
နှဖူးပြင်ပေါ်ဝဲကျနေတဲ့ဆံနွယ်လေးတွေ မှိတ်ထားတောင်ဆွဲဆောင်နိုင်လွန်းတဲ့သူ့မျက်လုံးလေးတွေ
ကြည်လင်နေတဲ့အသားအရေ ဖြောင့်စင်းနေတဲ့နှာတံလေး
ရီလိုက်ရင်ပေါ်လာတတ်တဲ့ပါးပေါ်ကပါးချိုင့်ခပ်ရေးရေးလေးတခု
နားရွက်ကားကားလေးတွေ အိတွဲနေသယောင်နှုတ်ခမ်းဖူးဖူးလေး
မြင့်မားတဲ့အရပ်
(PCYကတော်တွေသိပါတယ်ဒါတွေ😍😍😍)
အိုကွာ Yeol ရာ နင်နဲ့ငါ့ကြားမှာဖြတ်သန်းပြေးလွှားနေတဲ့လေပြည်လေးတွေကအစငါ့မှာချစ်လိုက်ရတာဟာ
*After 5 min*
5minကြာတော့Yeolတယောက်အိပ်ရာပေါ်ကထလာတယ်နှိုးစရာတောင်မလို တကယ်ကို5minအတိ
အချိန်တိကျခြင်းဆိုတာဟာလဲနင့်ရဲ့ဂုဏ်ရည်တခုပဲလားYeolရယ်
မတ်တပ်မေ့နေတဲ့Baekကိုတောင်morning Baek လို့ပြောပြီး
ရေချိုးခန်းထဲဝင်သွားပြီပေါ့
Baek လည်းထုံးစံအတိုင်း Yeolတို့ class ရဲ့time table အတိုင်း စာအုပ်တွေထည့်ပေးနေတာပေါ့ အမြဲတမ်းထည့်ပေးနေကြဆိုတော့ Baekတို့time tableတောင်အလွတ်ရနေပြီပေါ့
စာအုပ်တွေထည့်ပြီးတော့Baek တယောက်Yeolအခန်းအပြင်ကsofaမှာပဲထိုင်စောင့်နေလိုက်တယ်
စိတ်တွေကတော့အတိတ်တွေဆီလည်ပြန်လျှက်
*Flashback start*
5နှစ်အရွယ်ကောင်မလေးတယောက် ကျစ်ဆံမှီးလေးကိုဖဲပြားလေးတွေနဲ့နှစ်ဖက်ခွဲစီးထားတယ်
ဂါဝန်ပန်းနုရောင်လေးနဲ့ တကယ့်ကိုအပြစ်ကင်းစင်ပြီးချစ်ဖို့ကောင်းတဲ့ကောင်မလေး
မြက်ခင်းပြင်ကျယ်ကြီးပေါ်မှာ မြက်ဖျာလေးခင်ပြီးခုံလေးပေါ်မှာထိုင်ပြီးပုံဆွဲနေတယ်
မိသားစုပုံလေးပေါ့ သူ့appaရယ်ommaရယ် သူရယ်ပေါ့
ommaကသူ့ကိုချီထားပြီးappaကommaကိုဖက်ထားတယ်
သုံးယောက်လုံးမျက်နှာမှာအပြုံးတွေနဲ့
ခံစားချက်အစစ်အမှန်တွေနဲ့ရေးဆွဲထားတဲ့ထိုကလေးမလေးရဲ့ပန်းချီလေးဟာ ကလေးဆွဲထားတာဆိုပေမဲ့ပြည့်စုံနေသယောင်
ထိုကောင်မလေးရဲ့စိတ်ထဲမှာတော့"appa omma အရမ်းလွမ်းတယ် ဘယ်တော့မှတွေ့ရမှာလည်း"
မျက်လုံးထဲမှာလည်းမျက်ရည်တွေဝဲလျှက်
ထိုအခိုက်ကောင်မလေးခေါင်းပေါ်ကိုပြုတ်ကြလာတဲ့အရာတခု
" ah omma" သူမလန့်သွားသည်
ကြည့်လိုက်တော့ မြေပြင်ပေါ်မှာငြိမ်သက်စွာလှဲလျောင်းနေတဲ့အနီရောင်စွန်ကြိုးပြတ်လေးတခု
ထိုစွန်လေးကိုကောက်ကိုင်မိတုန်းတခဏမှာခြံတခါးရှေ့ကအသံလေးတခု
boy- jawgi yaw ငါ့စွန်လေးနင်တို့ခြံထဲပြုတ်ကျသွားလို့
ကျွန်မနဲ့သက်တူရွယ်တူကောင်လေးတယောက်
Baek- arjima တံခါးသွားဖွင့်ပေးလိုက်ပါ
Baek ခြံတံခါးလေးဆီလျှောက်သွားလိုက်ရင်း
Baek- ဒါလေးကနင့်စွန်ဘေးလား
boy- imm
Baek - ရော့ နင်ကဘေးအိမ်ကိုပြောင်းလာတဲ့လူသစ်လား
boy- imm ဒါကနင့်အိမ်လား
Baek- imm
boy- Wow နင့်အိမ်ကအကြီးကြီးပဲ
Baek- လာလေ အထဲဝင် အထဲမှာကစားစရာတွေရော
မုန့်တွေရောအများကြီးရှိတယ်
ငါနဲ့လာကစားပါလား
boy-jinja အာ့ဆိုနင်နဲ့ငါchinguတွေဖြစ်သွားပြီပေါ့နော်
Baek- imm pop ငါ့နာမည်က Baek; Byun Baekkie
boy- ငါ့နာမည်ကPark Chanyeol; ommaတို့appaတို့ကတော့Yeolပဲခေါ်တယ်နင်လည်းအဲ့လိုပဲ
ခေါ်ပေါ့
Baek- imm Yeol kaja
Yeol- Wow ဒါက... ဒါကအရုပ်ဆိုင်ရောက်နေတာလား
Baek- ha ha နင်လိုချင်တာယူသွားလေ
Yeol- arnyi နင့်အိမ်လာရင်ဆော့လို့ရတာပဲလေ
Baek- arraseo
Yeol- ဒါနဲ့နင့်omma appaရော
Baek- USမှာတဲ့
Yeol- US?
Baek- imm ly US
Yeol- USဆိုတာဘာလဲ
Baek- အာ့တော့ငါလည်းသိဘူးarjimaပြောတာပဲ
Yeol- aww အာ့ဆိုသူတို့ကညကျရင်ပြန်လာမှာလား
Baek- ဟင့်အင်း
Yeol- Wae?ငါ့appaဆိုညကျရင်ပြန်လာတယ်
Baek- ငါလည်းသိဝူး omma appaကိုငါတခါမှလည်းတွေ့ဖူးဝူး
arjimaကပြောတော့ငါစားချင်တာငါလိုချင်တာတွေဝယ်ပေးလို့ရ
အောင်ပိုက်ဆံတွေသွားရှာတာတဲ့ ငါကတော့အဲ့တာတွေထက် omma appaကိုပိုတွေ့ချင်တာပေါ့ဟာ
