မကြာခင်လောကကြီးကိုအပြီးအပိုင်နှုတ်ဆက်ထွက်ခွာရတော့မယ့်သူတယောက်အနေနဲ့ကျောင်းသာတက်နေရပေမယ့် စာထဲလုံးဝစိတ်မပါ ချစ်ရပါသောYeolတစ်ယောက်companyသွားရင်းလမ်းကြုံသဖြင့် uniကိုဝင်ပို့ပေးသွား၍သာ classထဲမှာလာထိုင်နေရသည် ရှေ့မှဆရာဘာသင်နေသည်ကို ဘာဆိုဘာမျှBaekမသိ Baekသိတာ ပန်းချီစာအုပ်ရှိ စာရွက်ဖြူများပေါ်မှပုံရိပ်များကို ဘယ်လိုဆွဲလိုက်မည် နောက်ထပ်ဘာတွေထပ်ဆွဲဦးမည်ဆိုတာတွေ
ဟုတ်ပါသည် ငယ်ငယ်ကတည်းကartမှာပါရမီပါသည့်အပြင် သေချာလေ့လာသင်ယူထားမှုကြောင့် သူမဆွဲထားသည်မှာပီပြင်လှပလွန်းရုံမက အသက်ဝင်လွန်းနေသည်
သူမအသက်ရှိနေတုန်း သူမYeolအတွက်လက်ဆောင်တစ်ခုခုပေးချင်မိသည် တိုတောင်းလွန်းလှသောအချိန်ကာလအပိုင်းအခြားတစ်ခုနှင့်အသက်ရှင်နေရသောBaekသည် သူ့ကို တန်ဖိုးကြီးပြီးအသုံးမဝင်သော လက်ဆောင်မျိုးလည်းမပေးချင်ပါ သူကိုယ်တိုင်အမြတ်တနိုးဆွဲထားသော သူ့ပုံတူပန်းချီများကို စာအုပ်အနေနှင့် ပေးချင်မိသည်
ကြိုးစားပမ်းစားဆွဲနေသောစာအုပ်လေးထဲမှာ သူငယ်စဉ် Yeolကိုစတွေ့ခဲ့ရတုန်းက Yeolရဲ့ပုံလေးတွေကအစ ကျောင်းသွားဖို့အိပ်နေတဲ့သူ့ကိုနှိုးဖို့သွားတုန်းက သူအိပ်နေတဲ့ပုံလေးတွေ sch uniformနဲ့တောင်စမတ်ကျလွန်းတဲ့သူ့ပုံလေးတွေ အတောက်ပဆုံးအပြုံးတွေနဲ့သူ Baekနှလုံးသားထဲမှာtattooထိုးထားသလိုကိုအမှတ်ရနေမိတဲ့ သူရေသောက်နေတဲ့ပုံလေးတွေ Baekအတွက် breakfastပြင်ပေးနေတဲ့kitchenထဲကapronဝတ်ထားတဲ့သူ့ပုံ sakuraပင်ကြီးအောက်မှာ လေတိုက်တော့သူ့ဆံပင်နှနှတွေ လွင့်မျောနေပုံ သူguitarတီးသင်တုန်းက စိတ်အားထက်သန်နေတာတွေ သူpianoတီးနေတာတွေ~~~သူ သူ သူ ဆိုတာကလည်းလေ သူနဲ့ပတ်သက်ရင် အသေးစိတ်လေးကအစ နှလုံးသားထဲအထိမှတ်မိနေတာကြောင့်ဆွဲစရာပုံတွေကများပြားလှစွာမပြီးနိုင်မစီးနိုင် ပန်းချီစာအုပ်လေးထဲကစာရွက်ဖြူဖြူလေးတွေပေါ်မှာတော့ Baekဆွဲထားသောသူ့ပုံလေးတွေ တဖြည်းဖြည်းနေရာယူလာလျက်**ဦးနှောက်နဲ့မှတ်ထားရင်တချိန်ကျမေ့သွားနိုင်လို့နှလုံးသားထဲသော့ခတ်ပြီးသိမ်းထားတယ်~~~**
ဒီရက်ပိုင်းBaekချောင်းတွေအရင်ကထက်အဆက်မပြတ်ပိုဆိုးလာသည့်အပြင်ရောဂါလက္ခဏာတစ်ရပ်အနေနဲ့ချောင်းဆိုးလိုက်တိုင်းသွေး
တွေပါ ပါလာတတ်တော့ Baekတယောက် လက်ကိုင်ပုဝါတွေtissueတွေကိုအနားမှာမပြတ်ဆောင်ထားရကာ Yeolမသိအောင်ဖုံးရကွယ်ရနှင့် Yeolကိုတော့သူမသိစေချင်သေးပါ သူ့companyအလုပ်တွေသည် ဘယ်လောက်များပြားပြီး အလုပ်ရှုပ်ရ ခေါင်းခြောက်ရသည်ကိုBaekမသိ
သို့သော် သူ့အတွက်နှင့်Yeolကိုအနှောင့်အယှက်မဖြစ်စေချင်သလို သူကိုယ်တိုင်လည်းYeolအတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုမဖြစ်လိုပါ
Yeolကလည်းဒီရက်ပိုင်းအလုပ်ရှုပ်တာထက်ကို အလုပ်များလွန်းနေတော့ Baekကို သိပ်ဂရုမစိုက်အား အဲ့ဒါကပဲBaekအတွက်တစ်မျိုးစိတ်အေးရပြန်တာပေါ့လေ
တခုပဲချောင်းတွေအရမ်းဆိုးတိုင်း ကျောတွေရင်ဘတ်တွေအောင့်ရုံသာမက လည်ချောင်းတွေပါကွဲထွက်မတတ်နာကျင်ရချိန်တွေဆို Baekတယောက်သတိလက်လွတ်ငိုကြွေးမိလေသည် သူ့ကိုလိုအပ်လွန်းလို့တမ်းတချင်ပေမယ့်လည်း သူ့ရဲ့ဂရုတစိုက်ဖေးမစောင့်ရှောက်မှုတွေကိုလိုချင်မိပေမယ့်လည်း
သူစိတ်ညစ်သွားလိမ့်မယ် အဲ့လိုမဖြစ်ရဘူး ဟုသာ ကိုယ့်ကိုယ်ကိုနှစ်သိမ့်ရင်း ကိုယ့်ကိုယ်ကိုဆုံးမလျက်
