*Time skip*
ညနေကျောင်းဆင်းချိန်ရောက်လာတာပေါ့(^_^အကျော်အခွဝါသနာပါလို့ပါ^_^)
Baekကတော့ထုံးစံအတိုင်းသူ့classကအရင်လွှတ်တော့ကျောင်း
ရှေ့မှာYeolကိုစောင့်နေတာပေါ့
လက်ထဲမှာလည်းထီးလေးတချောင်းနဲ့
ကောင်းကင်ကြီးကတော့မှောင်မဲနေတာပြိုတော့မယ့်မိုးလို
မကြာခင်ပဲမိုးကအငြိုးအတေးကြီးကြီးနဲ့သည်းကြီးမဲကြီးရွာချလာတယ်
Baek's Pov- သိနေတယ် ဒီနေ့မိုးရွာမယ်ဆိုတာ
အာ့ကြောင့်ကိုထီးသေချာယူလာတာ
အဲ့လိုသိလို့ပဲမနက်ကYeolလွယ်အိတ်ထဲတမင်တကာကိုထီးမထည့်ပေးလိုက်တာBaekသူ့အတွေးနဲ့သူပျော်နေတုန်း
*ဂျိန်း ဂျလိန်း* (မိုးခြိမ်းတာပါလို့)
သူတွေးနေတုန်းမိုးကထခြိမ်းတော့Baek တယောက်မကြောက်တတ်ရှာဘူးဆိုတော့😂😂😂
Baek- အမလေးမိုးနတ်မင်းရယ် Baekတမင်တကာအကျင့်ယုတ်ပြီးထီးမထည့်ပေးလိုက်တာဟုတ်ရပါဘူး သူနဲ့အတူထီးလေးစောင်းပြီးပြန်ချင်လို့ပါ Baekကိုခွင့်လွှတ်ပါဆိုပြီးတိုးတိုးကြိတ်ဆုတောင်းနေတာပေါ့
မကြာခင်မှာပဲYeolတို့class လည်းလွှတ်ပြီပေါ့
Yeolရဲ့လက်ကိုတော့Minahကတွဲပြီးပါလာတယ်လေ
Yeol-ဟာ မိုးတွေရွာနေတယ်ကွာ
Minah-oppaမှာထီးပါဘူးလား
Yeol-မပါလာဘူး Minahရော
Minah-Minahလည်းထီးမယူလာမိဘူး orthokhe
မိုးရေတွေဆိုကုန်တော့မယ်
Yeol-ဒါဆိုလည်းMinahအိမ်ကိုဖုန်းဆက်လိုက်လေ
ကားလွှတ်ခိုင်းလိုက်ပေါ့
Minah-oppaကရော
Yeol- arnyi ဟိုမှာBaekစောင့်နေတယ်
Baekမှာတော့သူ့ကိုကြည့်လိုက်စကားပြောလိုက်နဲ့လာနေတဲ့၂ယောက်ကိုလှမ်းကြည့်နေတယ် ဘာတွေပြောနေကြလဲပေါ့
ရင်တထိတ်ထိတ်နဲ့စိုးရိမ်နေရသေးတယ်သူတွေးထားသလိုဖြစ်မလာမှာစိုးလို့ပေါ့
Minah-oppaကလည်း oppaနဲ့အတူတူပြန်ချင်လို့လာမကြိုခိုင်းတာကို
မရဘူးoppaနဲ့ပဲပြန်မှာ ဒီအတိုင်းပြန်မယ် ထီးမပါလည်း
မိုးဆိုလည်းဆိုပလေ့စေရတယ်အခြေတင်ရပ်ပြီးတောင်ငြင်းနေကြပုံတွေ့တာကြောင့်Baek ကပဲသူတို့နားလျှောက်လာလိုက်တယ်
Yeolရဲ့မျက်နှာမှာဝေခွဲမရတဲ့အရိပ်ယောင်တွေ ဆုံးဖြတ်ရခက်နေသလိုဖြစ်နေတာတွေကိုBaekသိတာပေါ့
Yeol ရယ်ငါကနင့်မျက်နှာကိုအရိပ်တကြည့်ကြည့်နေလာခဲ့တာပါ
နင်ဘာဖြစ်နေတယ်ဆိုတာငါသိတာပေါ့
Yeolကတော့Baekကိုအားနာတဲ့မျက်ဝန်းတွေနဲ့ကြည့်ရင်း
Yeol-Baek ဟို ဟိုလေ ဒီနေ့လေ
Yeolစကားမပြောနိုင်ခင်Baekက Yeolလက်ထဲကိုသူ့ထီးလေးထိုးပေးလိုက်တယ်
Baek-နင်သူ့ကိုလိုက်ပို့မလို့မလားသွားလေ ငါ့ထီးယူသွားလိုက်
Yeol-အာ့ဆိုနင်ကရော
Baek- ငါarjushiကိုphဆက်ပြီးလာကြိုခိုင်းလိုက်မယ်
(Baekကအိမ်မှာအိမ်အကူarjimaနဲ့driver arjushiနဲ့နေတာနော်)
Yeol- imm Baek ya gomawow
Baek-နင်ကလည်းအချင်းချင်းတွေပဲဟာကို ရပါတယ် သွားတော့လေ
Yeol- imm bb
![](https://img.wattpad.com/cover/118951007-288-k471123.jpg)