Two

4.5K 383 16
                                    

                My Shy Hyung

ဖြူ လွှလွှ မျက်​နှာကျက်​​လေးကို ကြည့်​ပြီး
ညက ဖြတ်​သန်းခဲ့သည့်​ အချစ်​ည​လေး ကို
ပြန်​​တွေးမိသည်​ ... အရှက်​သည်း​သော Hyung
နှင့်​ ကုန်​ဆုံးရ​သော ည​လေး သည်​ ရင်​ခုန်​ဖွယ်​အတိ ... သူ့လက်​​မောင်းကို ​ခေါင်းအုံး အိပ်​​နေ​သော Hyung က က​​လေး ကဲ့သို့
ပကတိ ကြည်​စင်​လွန်းလှသည်​ ...

Hyung ရဲ့ မျက်​နှာ​လေး ကို ကြည့်​ရင်းကြည့်​ရင်း ​လောကကြီးမှာ သူဟာ ကံအ​ကောင်းဆုံး
လူသားအဖြစ်​ တဖြည်းဖြည်း ဂုဏ်​ယူဝင့်​ကြွား
လာမိသည်​ ... တခါတ​လေ ​တော့ သဘာဝတရားကြီး က သိပ်​ကို ဆန်းကြယ်​လွန်းလှသည်​ ...

သူ့ဘ၀မှာ ​ယောက်ျား​လေး တစ်​​ယောက်ကို
ချစ်​မိသွားလိမ့်​မည်​ဟု အိမ်​မက်​ပင်​မမက်​ဖူး
အ​တွေးထဲလည်း မရှိဖူး ...
ယောက်ျား​လေး တစ်​​ယောက်​၏ အချစ်​ကို
အသည်းအသန်​ မရမက အတင်း​တောင်းယူရလိမ့်
မည်​ ဆို​သော အ​တွေးက ​ဝေးစွ ...

သို​သော်​ ...
ယောက်ျား​လေး တစ်​​ယောက်​ကို ချစ်​မိသည်
အကြင်​သူ ၏ အချစ်​ကိုလည်း
မြတ်​နိုး​တောင့်​တ စွာ ​တောင်းယူခဲ့သည်
ချစ်​ရသူရဲ့ အချစ်​ကို ပိုင်​ဆိုင်​ရရှိခဲ့သည့်​ အပြင်
တစ်​ဘ၀လုံးစာ လက်​တွဲ​ဖော်​ အဖြစ်
လက်​တွဲ​တွေ ကို တစ်​ခါတည်း ခိုင်​မြဲ​စေခဲ့သည်​ ...

"Jonginnie နိုး​နေပြီလား"

အသည်းယားဖို့​ကောင်း​အောင်​ အိပ်​ချင်မူးတူး
အသံ​လေးဖြင့်​ ​မေး​နေသည်​ ...
ရှက်​လည်းရှက်​​နေပြန်​ပြီ ထင်​ပါ့ ...
မျက်​နှာကို မကြည့်​ဘဲ ရင်​ခွင်​ကြီးထဲ အပ်​ထားတာ
Hyung ရဲ့ အသက်​ရှူ သွင်း ရှူ ထုတ်​ လုပ်​မှု​ကြောင့်​ ရင်​ဘတ်​က အ​​ရေပြား က ယားကျိကျိ.. .

"အိပ်​လို့​ကောင်းရဲ့လား"

"အင်း ပြန်​ကြရ​အောင်​​လေ"

"မပြန်​​သေးဘူးလားလို့ ...
ခိုး​ပြေးရင်​ ၃ ရက်​​လောက်​​တော့​နေရတယ်​ တဲ့ "

"ဟင်​ ... အဲ့လိုလား"

"ကျွန်​​တော်​လည်း မသိဘူး
သူများ​တွေ ​ပြောကြတာ"

My Shy Hyung { Completed }Wo Geschichten leben. Entdecke jetzt