My Shy Hyung
ထမင်းစားခန်းထဲတွင် သူ နဲ့ Hyung နဲ့
နှစ်ယောက်တည်း ... အကုန်လုံး က မနက်စာ
ပြင်ပြီး အိမ်သန့်ရှင်းရေး လုပ်ပြီးလို့ ခြံထဲဆင်းသွား
ကြလေပြီ ... ချစ်ရတဲ့ Hyung ကတော့
အနည်းငယ် စိတ်တိုင်းမကျသော အမူအရာဖြင့်
ဟင်းပန်းကန်တွေကို တူနှင့်လိုက်ထိုးနေသည် ...
အစောက အိမ်အကူတွေရယ်သံကြောင့်
ရှက်နေသည့် ပါးရဲရဲလေးကလည်း အရောင်မပြယ်
သေးပေ ... ထို့ကြောင့် Kim Jongin ရဲ့
မနက်ခင်းသည် Hyung ၏ အလှအပတွေနှင့်
ဆေးရောင်ခြယ်ထားသလိုပင် ..." Jonginnie! "
" ပြောလေ Hyung "
" မနက်စာကို ဒီလိုပဲ ပြင်ပေးနေကျလား? "
" ဟုတ်တယ်လေ Hyung ... ကျွန်တော်
ကြိုက်တဲ့ ဟင်းတွေကို ဒီကိုလာတိုင်း
ဒေါ်ဒေါ်က ပြင်ပေးတယ် "" အဲ့ဒါဆို ဒီဟင်းတွေက Jonginnie ကြိုက်တဲ့
ဟင်းတွေလား? "" ဟုတ်တယ် Hyung "
" ဒီနေ့တော့ ရှိပါစေတော့ ... မနက်ဖြန် ကျရင်
Hyung မနက်စာ ပြင်ပေးမယ်နော် "" ဘာလို့လဲ? "
" ဟင်းတွေက အသားတွေချည်းပဲ ...
မနက်စာ ဆိုရင် အရွက်လည်း ပါအောင်စားပေး
ရမယ် ... အဲ့ဒါမှ ကျန်းမာရေး ကောင်းမှာ
အသားတွေချည်း စားလို့လည်း အာဟာရ အကုန်
မပြည့်နိုင်ဘူး "" ကျွန်တော့ရဲ့ ခင်ပွန်းလေး "
" အမ် ..... "
ပွစိပွစိ နှင့် နှုတ်ခမ်းထူထူကို စုလိုက် ချွန်လိုက်
အသည်းယားစဖွယ် ပြောနေသည့် Hyung က
သူခေါ်လိုက်သည့် နာမ်စားကြောင့် ပါးကလေးတွေ
နီရဲသွားပြန်သည် ..." ကျွန်တော့် ကို စိုးရိမ်လို့လား? "
" အင်း "
" ဘာလို့လဲ? "
" ဟိုလေ... အကြာကြီး ........... "
" အကြာကြီး? ဘာကို အကြာကြီးလဲ? "
ESTÁS LEYENDO
My Shy Hyung { Completed }
Fanficplot က Kazumi_Kadi က ပေးတာပါ cover လည်း သူလေး လုပ်ပေးတာ 😙 1 year ပြည့်မို့ unpublished လုပ်ပြီး ပြန်တင်တာနော် 😁