နန်းတွင်းက ထွက်လိုက်တာနှင့်တစ်ပြိုင်နက် လွတ်လပ်မှု၏ အရသာကို Mi Young ခံစားမိသည်...
အထိန်းတော်မရှိ... အစောင့်မရှိ...
ရုပ်ဖျက်ထားတော့ သူမကို သိသူလည်း မရှိသဖြင့် မည်သူမျှ သူမကို ဂရုတစိုက် ကြည့်မနေကြ...
ပျော်စရာကောင်းလိုက်တာ...
ဒီနေ့တော့ သူမ တစ်ခါမျှမရောက်ဘူးသည့် မြို့ အစွန်အဖျားက လယ်ကွင်းတွေဘက်ကို သွားဖို့ စိတ်ကူးသည်...
ယခင်က သူမမှာ လမ်းပျောက်မှာကြောက်စိတ်ကလည်း ရှိသဖြင့် အဲ့ဘက် မသွားရဲခဲ့...
ခုတော့ နန်းတွင်းအပြင်မှာ သွားလာနေခဲ့တာလည်း အကြိမ်ပေါင်းမနည်းတော့သဖြင့် မကြောက်တော့ပေ...
လယ်ကွင်းပြင်ကြီးတွေက အရမ်းလှမှာပဲ ဟု တွေးမိသည်...
တွေးရင်း ငေးရင်း မြင်းဇက်ကြိုးကို အသာထိန်းကာ ဖြေးဖြေးသွားနေသည်...
လမ်းဘေးဝဲယာမှာ တွေ့ရသမျှတွေက ဘယ်နှခါကြည့်ကြည့် ရိုးသွားတယ်လို့မရှိ...
Mi Young အတွက်တော့ စိတ်ဝင်စားစရာတွေချည်း...
ဈေးဆိုင်တန်းများ... စားသောက်ဆိုင်များ...
သာမန် လက်လုပ်လက်စား ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို တွေ့ရသည်...
တဖြေးဖြေးနဲ့ မြို့ပြင်ရောက်ခါနီးပြီ...
ရုတ်တရက် လမ်းထောင့်တစ်နေရာကို ကြည့်လိုက်မိသည်...
ကလေးများ ဆော့ကစားနေကြခြင်းဖြစ်သည်...
အို... မဟုတ်သေးပါဘူး...
သေချာကြည့်လိုက်တော့မှ ကလေးတွေကြားထဲ လူကြီးတစ်ယောက် ပါနေတာကို သတိထားမိသည်...
ဘယ့်နှယ်... ဒီလူက ကလေးတွေကြားထဲ ဘာဝင်လုပ်နေတာတုန်း... 😂
Mi Young မြင်းဇက်ကြိုးကို သတ်လိုက်ပြီး မြင်းပေါ်မှ ဆင်းလိုက်သည်...
ကလေးများ ကစားနေရာသို့ လျှောက်သွားသည်...
ကလေးများ ငြင်းခုန်နေကြခြင်းဖြစ်သည်...
"ဦးလေး... ကျွန်တော်တို့အဖွဲ့ဘက်က ကစားပါ...
ဦးလေးပစ်ရင် နိုင်တယ်..."