"Kim Taeyon Shi..."
"Aww... မင်းကိုး...
ဘာလာလုပ်ပြန်ပြီလဲ...""ကျွန်မဘာသာကျွန်မ ဘာလာလုပ်လုပ်ပေါ့..."
"ပြီးတာပဲ... ငါဒီမှာ ကလေးတွေကို စာသင်နေတယ်...
ဝင်မရှုပ်နဲ့...""ကျွန်မဘာသာ ပျင်းလို့ ထွက်လာတာ...
ရှင်စာသင်တာကိုလည်း မရှုပ်ပါဘူး...
အဲ့စာလောက်များ ... ဟွန်းးးးး ""အဲ့စာလောက်များ ဆိုတော့...
မင်းက စာတတ်လို့လား...""တတ်တာပေါ့...
အဲ... မဟုတ်... မတတ်...
မတတ်ပါဘူး... အိမ်မှာ အဖေ စာဆိုနေတာတွေ ကြားဖူးတယ်လို့ ပြောတာ..."ဂျိုဆွန်းခေတ်က တော်ဝင်မျိုးနွယ်များမှ လွဲ၍ သာမန်မိန်းမများ စာသင်ခွင့်မရှိ....
ယောကျားများသာ စာသင်ခွင့်ရှိသည်...
"အေး... အေး...
ငါ စာဆက်သင်လိုက်ဦးမယ်..."Taeyeon ကလေးတွေကို စာဆက်သင်နေတော့ Mi Young တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိ...
နန်းတော်ထဲမှာ ပျင်းလို့ အပြင်ထွက်လာပါတယ်ဆိုမှ...
ခုလည်း ဘာထူးလည်း... ပျင်းနေတာပဲ....
ဘာမှလည်း လုပ်စရာမရှိ...
ဟိုတွေး ဒီတွေးနဲ့ နောက်တစ်ပတ်ဆို သက်တော်စောင့်တွေ ရောက်လာတော့မှာကို တွေးပြီး စိတ်ညစ်မိသည်...
စိတ်ရှုပ်ရှုပ်နှင့် ရှေ့က မြက်ပင်တွေကို ကန်ထုတ်ပစ်နေမိသည်...
"ဟိတ်...
ဘာလို့ ဟိုကန် ဒီကန်တွေ ကန်နေတာတုန်း...""စိတ်ရှုပ်လို့...
ရှင့်ကလေးတွေကို စာဆက်မသင်တော့ဘူးလား...""ငါ့ကလေးတွေ မဟုတ်ပါဘူး...
သူများ ကလေးတွေပါ...""အင်းပါ... အဲ့ သူများကလေး... ရှင့်တပည့်တွေကိုပြောတာ..."
"စာရေးခိုင်းထားတယ်လေ...
ငါမင်းကို မေးစရာတွေရှိတယ်...
မင်း ဖြေလို့ရရင် ဖြေစေချင်တယ်...""အွန်းးးး မေးလေ..."
"မင်း ငါတို့နဲ့ လာလာဆော့နေတယ်...
မင်းနာမည် Hwang Mi Young ဆိုတာရယ်...
နန်းတော်နားက ရွာမှာ နေတယ်ဆိုတာရယ်ကလွဲလို့ မင်းအကြောင်း ငါ ဘာမှ မသိရဘူး...
မင်းအကြောင်း ငါ့ကိုပြောပြ..."