I Heart U, Mr. Penguin
.......
"Kaiရေ မင်းကိုhair styleပြောင်းဖို့ဒါရိုက်တာကပြော
တယ်"
Luhanစကားကိုကြားတော့Kaiတစ်ယောက်မျက်လုံးပြူး
မျက်စံပြူးနဲ့"အင် ဒီဆံပင်ကဘာဖြစ်နေလို့လဲ"
သူ့ဆံပင်ကိုသံယောဇဉ်လုပ်နေတဲ့KaiကိုLuhanက
မျက်စောင်းတစ်ချက်ထိုးလိုက်တော့ ရူံ့မဲ့မဲ့နဲ့"Hair styleတစ်ခါမှမပြောင်းဖူးဘူးလား Kai yah~
ဒါရိုက်တာကပြောင်းခိုင်းတဲ့ဟာကို ""ဒါပေမယ့်--"
"No but!!ပြောင်းဆိုပြောင်းပဲ idolလုပ်နေပြီးဆံပင်
ပုံစံပြောင်းဖို့ကိုကြောက်ရတယ်လို့ တကယ်ပဲ တကယ်ပဲ
လေတယ်"
Kaiက စုတ်တသတ်သတ်နဲ့ပြောသွားတဲ့Luhanကို
နောက်ကနေမေတ္တာပို့နေလိုက်တယ်°ဘယ်နှယ့် ဒီဆံပင်လေးကိုထားတာဖြင့်မကြာသေးဘူး
ပြောင်းခိုင်းရတယ်လို့ အရင်ကဒါရိုက်တာတွေဆို သူဒါဆို
ဒါပဲ အခုဟာက ဟိုမျက်ပြူးဆီမှာမို့အဲ့လိုဖြစ်တာ
ဒီလိုလုပ်ခိုင်းတာလဲ အဲ့မျက်ပြူးစနက်တွေလားမှမသိတာKim jongin kim jongin မင်းဒီမျက်ပြူးနဲ့
ကြာကြာဒီလိုပတ်သတ်နေရင်သေမှာပဲ
မျက်ပြူး ဝဋ်ဘယ်တော့မှကျွတ်မှာလဲကွာ
ငါ ဒါမှမဟုတ် အဲ့မျက်ပြူးသေမှအေးမှာပါ
ကဲသေစမ်း!သေစမ်း°Kaiတစ်ယောက်အနားမှာရှိတဲ့ခေါင်းအုံးကိုKyungsoo
ဟုသတ်မှတ်ပြီးထရိုက်နေတာကို အခန်းထဲကထွက်လာတဲ့
Sehunကကျွတ်တစုတ်စုတ်နဲ့"ကျွတ် ကျွတ် ကျွတ် သနားလိုက်တာကွာ"
"ရောက်လာပြန်ပြီနောက်တစ်ယောက်"
အဲ့၂ယောက်ကလေ သူ့ကိုဒုက္ခပေးဖို့ဆိုအတော်အတိုင်
အဖောက်ညီတယ် အခုလဲကြည့်တစ်ယောက်ပြီးတော့
နောက်တစ်ယောက်ကအော်တိုမစ်တစ်ထွက်လာပြန်ပြီ"ဒီမှာKai yah မင်းကိုငါမေးမယ် အခုမင်းအဲ့
ခေါင်းအုံးကိုKyungsoo hyungလို့ထင်နေတာမို့လား""အေးလေ အဲ့တာဘာဖြစ်လဲ "
KaiကSehunကိုရစ်တယ်ကွာဆိုတဲ့မျက်နှာနဲ့ကြည့်တော့
Sehunကခေါင်းတ၇မ်းရမ်းနဲ့"ဒါဆိုသေချာပြီ ငါ့သူငယ်ချင်း မင်းKyungsoo hyung
ကိုကြိုက်နေပြီ"

YOU ARE READING
I Heart U,Mr.Penguin
Fanfictionကျွန်တော်Kim Jonginက ဟောဒီ့အရမ်းစိတ်တိုတတ်တဲ့Kyungsooဆိုတဲ့ Penguinပေါက်စလေးကိုအရမ်းချစ်မိသွားပါပြီလို့ By AkariXing~