စတင် တွေ့ ဆုံခြင်း( စတင် တွေ ့ဆုံခြင်း)

6.1K 419 8
                                    

Zawgyi

' ခွပ် '

' လွှတ်လိုက်စမ်း '

' ခွပ် ' ဆိုတဲ့ အသံနဲ့ အတူ တည်ငြိမ်နူးညံ့တဲ့ အသံဟာ အမိန့် ပေးသံဆန်လေသည်။

' ဘယ်ကောင်က ငါ့ကို ထိုးရဲတာလဲ ? '

ရမ်းကားတဲ့ လူရဲ့ အသံဟာ ဒေါသကြောင့် မာန်မဲ နေလည်း သူ့ ကို ထိုးတဲ့သူ မျက်နှာ
ကို ဆောင်းထားတဲ့ ထီးကြောင့် မမြင်ရသေး
သော်လည်း အဝတ်အစားကြောင့် လန့် ကာ
သွားသည်။

' တောင်းပန်ပါတယ် မသိမိလို့ ခွင့်လွတ်ပေးပါ '

ဒီ အဝတ်စား ဝတ်သည့် လူသည် ထိုအဖွဲ့ အစည်းတွင် ညာလက်ရုံး နဲ့ ဘယ်လက်ရုံး နှစ်ယောက်သာ ရှိသည်။

ထိုသည်တောင် ခါး မှာပတ်ထားတဲ့ ခါးပတ်
မှာတော့ မတူ...။

အဖြူ ပေါ် အနက်ရောင်ခြည်ဖြင့် နဂါးပုံ ကို ထွင်းထားပုံက သက်ဝင်သည်။ ထို ခါးပတ်သည် နေပြည်တော်မှ ရှင်ဘုရင်ရဲ့ မြတ်နိုးမှု့ ကို ရရှိထား၍ မင်းမြတ် ကိုယ်တိုင် ချီးမြှင့်ခံရသည့် ဒုတိယမြောက်ဖြစ်သည့် လူသား။

ထို ခါးပတ်သည် သူတို့ မြို့ တွင် ဆရာကြီး အပြင်
နောက်ထပ် ပိုင်ဆိုင်သည့် ဒုတိယ လူသား
ဖြစ်သည်။

' နောက်ခါ အဲ့လို ရမ်းကားတဲ့ အပြု မူမျိုးထပ်
တွေ့ လို့ ကတော့ ... '

ခြိမ်းခြောက်သည်ထက် လက်တွေ့ ဆန်လွန်း
တဲ့ သူ့ အကြောင်းမသိရင် ဒီမြို့ မှာ မနေတာ
အကောင်းဆုံးပင်။

' နောက်ခါ မဖြစ်စေရပါဘူး '

အထိုးခံရတဲ့ ရမ်းကားသူဟာ ဦးခေါင်းကို 90 ဒီဂရီ ထိ ညွှန့် လို့ ခြေလှမ်းတွေ ကို နောက်ပြန်
တလှမ်းချင်းဆီ ဆုတ်ကာ လှည့် ထွက်သွား
လေသည်။

အမည်မသိလူရဲ့ စကားတစ်ခွန်းကို ရှေ့ တွင်သာ
ကြောက်လွန်းလို့  ထိုလူရမ်းကား ဆိုခဲ့သည်
ဟု ထင်ရင် မှားမည်။

နောက်တစ်ခါ ကျိန်းသေ ထိုသို့ သော ရမ်းကား
မှု့ ကို အမည်မသိလူရဲ့ နောက်ကွယ်လဲ ပြု ရဲ
မည်မဟုတ်။

ထိုသို့ သော အပြစ်ကို ကျူးလွန်လာလျှင် ဘုရင့်
နေပြည်တော်ပင် ရောက်လိမ့်မည်မဟုတ် အမည်မသိသော လူ ၏ အဖွဲ့ အစည်းကမှ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

My Kasa ( ထီး ) ... { Completed }حيث تعيش القصص. اكتشف الآن