Part 6

162 18 2
                                    

"Yeol စောင့်နေရတာကြာပြီလား"

"နဲနဲတော့ကြာပြီ အော် Kai ပါပါလာတာလား"

"ဟုတ်တယ် Chan Yeolshi "

"ဟုတ်တယ် Yeol ရေ Han လေးက သူ့အိမ်ပြန်သွားလို့ Kai ကိုခေါ်လာတာ"

"Baek Kai လေညင်း ခံလိုက်အုံးမယ်နော် ဟိုဖက်နားမှာ"

"အင်းသွားလေ Kai"

"Baek နဲ့Kai နဲ့က ရင်းနှီးတယ်နော်"

"ဟုတ်တယ် Kai ကသဘော အရမ်းကောင်းတယ် အနစ်နာခံတယ် အော်ဒါနဲ့ Yeol ဘာပြောစရာရှိလို့လဲ"

"အဆင်သင့်ဖြစ်ပြီလား ပြိုင်ပွဲစတော့မယ်နော်"

"Hanna ကအရမ်းကောင်းတယ်လေ Baek သူ့ကို မှီပမလား"

"စိတ်ပူတာတွေလျော့ ပြီးတော့ သီချင်းတွေ ကို သေချာပိုင်အောင်ကျင့်ထား မကြာခင် ပြိုင်ရမယ် သီချင်းအပုဒ် ၅၀ကျော်ထွက်လိုက်မယ် အဲ့ထဲက မဲ နှိုက်ပြီး ကျတဲ့ သီချင်းဆိုရမှာ အရင်လို Producer နဲ့ Yeol နဲပဲရွေးရမှာမဟုတ်ဘူး အကရွေးမယ့်သူပါပါတယ် ၃ယောက်လုံးစိတ်တိုင်းကျတဲ့သူကိုရွေးရမှာ"

"Baek တော့မဖြစ်နိုင်လောက်ပါဘူး"

"ဘာကိစ္စမဖြစ်နိုင်ရမှာလဲ ကိုယ့်ကို ကို ယုံကြည်ချက်ရှိပါ Baek ရယ် ပြီးတော့ ပြိုင်ပွဲပြီးရင် Baekကို ကိုယ်ပြောစရာရှိတယ်"

"ဘာလဲဟင်"

"ကြည့် မစပ်စုနဲ့ ပြိုင်ပွဲပြီးရင်ပြောပြမယ်"

ညလေအေးက ကျွန်တော်တို့နှစ်ယောက်ကြားထဲတိုးဝင်တိုက်ခိုက်လာတယ် Baek ကိုကြည့်လိုက်တော့ လက်ဖ၀ါးလေး နှစ်ခုကို ပွတ်ပြီး အအေးလျော့အောင် လုပ်နေတယ်

ကျွန်တော်လဲ ကျွန်တော့် အပေါ်ကုတ်ကို ချွတ်ပြီးသူ့ ကို ၀တ်ပေးလိုက်တယ်

"ရပါတယ် Yeol အေးနေမှာပေါ့"

"ကိုယ်ကရပါတယ် Baek သာအရေးကြီးတာ"

Yeol ရဲ့စကားကြားလိုက်တော့ အသက်တောင်မဲ့သွားတယ် ထင်ခဲ့တယ် ကျွန်မရှေ့မှာ ရှိနေတဲ့  ကျွန်မ ရဲ့အချစ်ဦးနာမည်ကြီး အဆိုတော်Chan Yeol တဲ့လား ကျွန်မအိမ်မက်ပဲမက်နေတာလား

"ပြန်တော့ Baek မိုးချုပ်နေပြီ "

"Baek အဲ့ဒါဆိုပြန်တော့မယ်နော်"

ကျွန်မချစ်သူ IdoLWhere stories live. Discover now