Part 3

195 27 2
                                    

ကျွန်တော် လဲအခုတစ်လော အလုပ်တွေအရမ်းများနေတယ်လေ ကျွန်တော် pressure များလွန်းလို့ သီချင်းတောင် ကောင်းကောင်းမစပ်နိုင်တော့ဘူး

"Hyg မင်းနည်းနည်းနားချိန်လေးလဲပေးပါအုံးကွာ"

"အလုပ်တွေ အချိန်ဇယားတွေနဲ့ ဘယ်မှာနား ချိန်ရှိမှာလဲ Xing ရာ"

"Yeol ညကျရင် ဟန်မြစ်သွားရအောင်"

"ဟာ fan တွေတွေ့မှာပေါ့ "

"ရုပ်ဖြတ်ပြီးသွားမှာပေါ့ကွ ငါလဲနေ့တိုင်းမင်းအလုပ်တွေနဲ့ ပဲခေါင်းစိုက်နေတာ ငါ့ကိုယ်ပိုင်အချိန်တောင်မရှိဘူး အေးလေ နံပါတ် ၁အဆိုတော် Park Chan Yeol ရဲ့ manager ပဲဟာ အဲ့လောက်တော့ရှိမှာပေါ့"

"ကဲပါ သွားကြတာပေါ့ "

*********************

"Baek ဒီနေ့ညအပြင်ထွက်မယ်လေ "

"ဘယ်ကိုလဲ "

"ဟန်မြစ်ကိုသွားရအောင် ငါမရောက်ဖြစ်တာကြာပြီ တစ်နေ့တစ်နေ့ ဒီကျောင်းနဲ့အဆောင်နဲ့ပဲ နေနေရတာ "

"အဆောင် က ၆နာရီဆိုတာနဲ့အပြင်ထွက်ခွင့်မရှိတော့ဘူးလေ"

"အဲ့တော့ဘာဖြစ်လဲ ခိုးထွက်မှာပေါ့ "

"ဟာ နင်ကလဲ"

"ဘာလဲငါကဘာဖြစ်လဲ ငါအရမ်းမွန်းကြပ်နေပြီ ငါတို့မှာ အောင်မြင်တဲ့အဆိုတော် တစ်ယောက်ဖြစ်ဖို့ သေလာက်အောင်ကြိုးစားနေရတာ ငါတော်တော်ကြီးကိုမွန်းကြပ်နေပြီ"

"သွားမယ်ဟာ ငါလဲလေကောင်းလေသန့်ရှုချင်တယ် "

********************

"arrrrrrr "

Luတစ်ယောက်ဘယ်လောက်တောင် မွန်းကြပ်နေလဲမသိ စိတ်လွှတ်လက်လွှတ်ကိုအော် ချလိုက်တာပဲ သူက သူခံစားရတာတွေကို Baek ကိုမပြောပြတတ်ဘူးဘယ်တော့မဆို အေးအေးဆေးဆေးနေတတ်တယ်

"Luနင်ဘာတွေ ဖြစ်နေတာလဲ"

"ငါဘာ့မှမဖြစ်ပါဘူးဟာ"

"နင်တစ်ခုခုဖြစ်နေပါတယ် ငါသိတယ် "

"ငါလေ ငါ ငါ ဆရာ Sehun ကြောင့် ဒီကျောင်းကိုလာတတ်ခဲ့တာ ငါ့မိဘတေ နဲ့ဆန့်ကျင်ပြီး"

ကျွန်မချစ်သူ IdoLWhere stories live. Discover now