ကျောင်းပြောင်းလာရပေမဲ့ သူမစိတ်တွေက ရှုပ်ထွေးနောက်ကျိနေခဲ့။ သူမအနေနဲ့ ကျောင်းပြောင်းရတာဟာ တနှစ်မှာ အနည်းဆုံး ၂ခေါက်ဖြစ်နေကျဆိုတော့ သိပ်မထူးဆန်းပေမဲ့ ဒီတခေါက်တော့ ခါတိုင်းနဲ့ မတူ။သူ့မိဘတွေ လမ်းခွဲကြတော့မယ်။ ဒါ့အပြင် သူမဆန္ဒကိုလည်း လုံးဝအရေးမထားခဲ့။ ဘာရယ်မဟုတ်တဲ့ကိစ္စတွေနဲ့ ရန်ဖြစ်ကြတဲ့အပြင် ကွဲမယ် ပြတ်မယ် စကားသံတွေကြောင့် ကြားထဲက သူမတောင် ရူးချင်ချင်တောင် ဖြစ်လာသလို။ထားပါတော့။ခု မေမေက ဖေဖေနဲ့တမြို့တည်းတောင် အတူမရှိချင်တော့ဘူးဆိုပြီး သူ့လက်ကို ဆွဲကာထွက်လာတော့ သူမလည်း ပါလာရသည်။ထပ်ကျောင်းပြောင်းရပြန်ပေါ့လို့ ညည်းရုံကလွဲပြီး ဘာမှထပ်မပြောနိုင်ခဲ့ ကိုယ်ကိုယ်တိုင်ကလည်း မအေကို ချစ်ကြောက်ရိုသေနေလာတာ
ကြာပြီဆိုတော့လည်း။ ဟင်း ရှုပ်လိုက်တာ.....စိတ်ညစ်တယ်မေမေတယောက် ဘာစိတ်ကူးပေါက်လဲမသိ။ ရန်ဖြစ်ပြီး သွားတဲ့အိမ်က ဘွားအိမ်ဖြစ်နေတယ်။ကိုယ်တွေကတော့ အဆင်ပြေတာပေါ့။ ကိုယ်တွေက ဘွားအချစ်တော်ဆိုတော့။အေးဆေးပဲလေ။ပျော်စရာကြီးပေါ့။အန် ခုမှ သတိရတယ် လောလောနဲ့ထွက်လာခဲ့ရတော့ ကျောင်းဝတ်စုံတွေမှ ပါလာရဲ့လား ။ ပါပါစေ ပါပါစေ မပါလာရင်တော့ ဘွား ခေတ်ဟောင်း အင်္ကျီ ထဘီတွေ နဲ့ တက်ရတော့မှာ ။ သူမ စိတ်တထင့်ထင့်နှင့် luggage ကို ဖွင့်ကြည့်လိုက်တော့ သူမ ကျောင်းဝတ်စုံတော်တော်များများနှင့် အိမ်နေရင်း ဝတ်စုံတွေကိုပါ တွေ့လိုက် ရသည်။ ဟူးတော်ပါသေးရဲ့ ကျောင်းဝတ်စုံတွေ ပါလာလို့။မဟုတ်ရင်တော့ သွားပြီ။
"မေမေဟာလေ တော်တော် ရှုပ်တယ် သမီးလေးတယောက်ဆယ်တန်းတက်တော့မှာကို ဟိုပြောင်း ဒီပြောင်းနဲ့ ။ဟိုမှာ ဆရာတွေနဲ့ သင်ရတာ အဆင်ပြေနေတဲ့ဟာကို။ကျသွားရင်လည်း ငါ့ချည်းဆူဦးမှာ။တော်ပါပြီလေ။ကြားသုံးကြားထဲ မဝင်ကောင်းဘူးတဲ့။ "
YOU ARE READING
ကိုယ့်အချစ်နဲ့ ကိုယ်ဟာရေစက်ဆုံခဲ့ပါသော်လည်း
Fantasyသူတို့တွေပြောကြတာက ကျွန်မက အမှားအကြီးကြီးတခုကို မီးခွက်ထွန်းပြီး ရှာခဲ့မိတာတဲ့ ဒါပေမဲ့ ကျွန်မလုပ်မိခဲ့တာက အချစ်စစ်ကို ရှာဖွေနေတဲ့ကောင်မလေးတယောက်ကို အချစ်စစ်ရှာတွေ့အောင်ကူညီပေးခဲ့ရုံပါပဲ အာ ... သူမရဲ့ အချစ်စစ်ရဲ့ ပိုင်ရှင်က က...