Part 8

411 51 17
                                    

တစ်နေ့နေ့မှာဆုံနိုင်ရင်ဖြင့် 8

"Hyung မတွေ့တာကြာပြီနော်"

"Minnie ah သရဲများ လာခြောက်တာလား။ ၇နှစ်ကြာမှ ပေါ်လာပေတော့တယ်"

"ပြန်လာဖြစ်လို့တောင် ကိုယ့်ကိုယ့်ကို အံ့သြနေတာ။ ဒီနိုင်ငံက ထွက်သွားတုန်းက အပြီးသွားဖို့ ရည်ရွယ်ခဲ့တာလေ"

"မင်းကိုတော့ ငါလုပ်မိတော့မယ်။ အချစ်ဦးဆိုလည်း မင်းကို ဒီလို လုပ်ခဲ့ပုံကိုကြည့်ပြီး စိတ်ပျက်သင့်နေပြီ။ တစ်လောကလုံး သူတစ်ယောက်ပဲ ရှိတာ ကျနေတာပဲကွာ"

"မဟုတ်ပါဘူး။ အဲ့ဒီတုန်းကတည်းက စိတ်ထဲ အပြီးရှင်းခဲ့ပြီး ထွက်သွားတာပါ။ ရင်ထဲအနာဆုံးက သူကတောင် ကျွန်တော့်ကို ဖြတ်တဲ့ စကားပြောပြီး ထားသွားတာပဲ"

"ထားပါ ထားပါ ခုမှ ပြန်တွေ့တာကို ဒီအကြောင်းတွေ မပြောဘူး။ လာ နေ့လည်စာ ငါကျွေးမယ်"

"ဟားဟား အစ်ကို့ ကိုညှင်းဖို့ လာတာပဲ။ မပူနဲ့ အစ်ကို ပဲ ကျွေးရမှာ။ ဒါနဲ့ အစ်ကို့ သတင်းတွေလည်း ကြားတာ မနည်းဘူးနော်။ ငါ့အစ်ကိုက တအားစွံတာ သတင်းတောင် မဆန့်ဘူး။ နာမည်ကြီးရုပ်ရှင်မင်းသမီးတောင် ပါသေးဆိုပဲ။ အဲ့ဒါကြောင့် သတို့သမီးလောင်းက စိတ်မချလို့ အတွင်းရေးမှုးတောင် ယောက်ျားလေး ခန့်ထားတယ်ဆိုပဲ။ ပြပါဦး။ Yoona ရှာထားတဲ့ အမှုတော်ထမ်းက်ု ကြည့်ချင်လို့… အော် ဟိုတစ်ယောက်လား"

စားပွဲအစွန်မှာ ရပ်နေတဲ့ Kyuhyunဆီ တည့်တည့်လျှောက်လာတဲ့ Chang ရဲ့ ခြေသံတွေက တဖြေးဖြေးနီးကပ်လာတာနဲ့ အမျှ တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားကလည်း ချက်ချင်းတောင် ကြွေကျမတတ် အပြင်းထန်ခုန်နေသည်။ သူ့ခေါင်းကို အစွမ်းကုန် ငုံ့ထားပြီး မျက်လုံးသာမှိတ်ထားမိသည်။ ခုန သူပြောတဲ့ ရင်နာစေတဲ့ အချစ်ဦးကို ခုပြန်တွေ့ရင် ဘယ်လိုတွေ ဖြစ်လာဦးမလဲ တွေးရင်း မောဟိုက်လာမိပြီ။

"ဟိုး ဟိုး ဟေ့ကောင် Minnie မင်းက ကြည့်ချင်တိုင်း ကြည့်ရအောင် ငါ့အတွင်းရေးမှုးက ပြတိုက်က အရုပ်မဟုတ်ဘူး။ လာ နေ့လည်စာ ငါကျွေးမယ့်သဒ္ဓါစိတ်လေး ထွက်မပြေးခင် သွားကြမယ်။ ပြီးရင် meeting တွေ တောက်လျောက်ပဲ။ အမြန်လာ"

တစ်နေ့နေ့မှာ ဆုံနိုင်ရင်ဖြင့်Where stories live. Discover now