~~ ပြွတ်စ် ~~
ကားကလေး ကို မှန်မှန်လေး မောင်းပြီး
နှစ်ယောက် အတူနေသော အိမ်သို့
ရောက်ရှိလာခဲ့သည် ~"Hyung ရေချိုးတော့မလား ရေနွေးစပ်ပေးမယ်"
"Omm ချိုးမယ် ~ Jong အရင်ချိုးနှင့်လိုက်
Hyung ဟင်း menu အတွက် ခဏလေ့လာ
လိုက်ဦးမယ် ""အဲ့ဒီဟာ ကို နောက်မှ လုပ်လို့မရဘူးလား"
"ဪ ~ Jong ရယ် နေ့လည်က မီးဖိုခန်း ပြင်တာနဲ့ မဖတ်လိုက်ရဘူးလေ ~ ခဏပဲဟာ "
"မချစ်ဘူးဟာ"
"အယ် ~ ဒီကလေး ကတော့ "
"ကောက်နေတယ် ဒါပဲ "
နှုတ်ခမ်းထော် မျက်စောင်းထိုးပြီး အပေါ်ထပ်ကို
ဆောင့်အောင့်ကာ တက်သွားသော Jongin
တကယ်ကို ကလေးလေး ကျနေတာပဲ ~* ကဲပါ အင်္ကျီတွေ အဆင်သင့် ထုတ်ပြီး
စောင့်နေမှပါ *ဟုတ်သည်လေ ~ စာအုပ်တွေ ဟင်းချက်တာတွေ
ခဏတော့ ခေါက်ထားဦးမှ ~~
သူ့အတွက်က Jongin က ပိုအရေးကြီးတယ်
မဟုတ်လား ~ တနေကုန်လည်း မီးဖိုခန်း ပြင်ပေး
ထားတာ ~ ကြီးကြပ်ရတာမောနေရောပေါ့ ~ဘီရိုထဲမှ ညအိပ်ဝတ်စုံ ဆင်တူလေး နှစ်စုံကို
ထုတ်ကာ ကုတင် ပေါ်တင်လိုက်သည်
ထို့နောက် ရေချိုးခန်း အခန်းတံခါးကို ခပ်ဖွဖွထု
လိုက်သည် ~"Jong "
"ဘာလဲ"
"Jong ပြီးရေ ရေနွေးစပ်ထားပေးနော်
Hyung ချိုးမို့""မစပ်ပေးဘူး"
ရေချိုးခန်း မှ အားရပါးရ ကုန်းအော်နေသော
Jongin ကြောင့် ခွီး ကနဲ ရယ်ချလိုက်သည် ~
ပြီးရင် မလုပ်ပေးမှာလည်း မဟုတ်ပဲနဲ့ တကယ်ပါပဲ
တစ်ခါတလေ လူကြီးဆန်သလိုနဲ့
အဲ့လိုလေးလည်း ကောက်တတ်သေးတာ ~"Hyung က ~~~"
💥"၀ုန်း"💥
ဝုန်းခနဲ ရေချိုးခန်း တံခါးပွင့်လာပြီး
သူ့ကို အတင်းဆွဲထည့်တာ ခံလိုက်ရသည် ~
စိတ်တာ ကောက်တာ ဒါမျိုးကျတော့ လည်သား ~
YOU ARE READING
~~ ပြွတ်စ် ~~ { Completed }
Romance170912 မှာထွက်တဲ့ Kadi ရဲ့ ပြွတ်စ် ပြွတ်စ် moment အား feel ခြင်း 😝 mini fic လေး ပါ ~~ plot မရှိပါဘူးဆိုတာကို plot ပေးပြီး အတင်းရေးခိုင်းတဲ့ Teleporation_Earth ရေ ပြွတ်စ် ပြွတ်စ် ~~