4×1

2.1K 295 112
                                    

" ဟုတ်တယ် ဟုတ်တယ်.. အ့လမ်းကျော်ပြီး နောက်တခါလမ်းဆုံတွေ့ရင် ဘယ်ကိုချိုးဝင်ခဲ့ သုံးအိမ်ကျော်က ကျွန်တော့်အိမ် "

Online shopping ကနေဝယ်ထားတဲ့ ကိုယ်အကြိုက်ဆုံး ပစ္စည်းလေးကို delivery သမားလာပို့မယ်ဆိုလို့ ကျွန်တော် ဆွေ့ဆွေ့ခုန်ပျော်နေရသည်လေ 😊

#တီ..တီ..တီ..တီိ #

" ဟေး ရှလုပြောLong time no talk "

"နေ့လည်ကမှကျောင်းမှာတွေ့ထားတာကို မင်းဘိုးအေ no talk လား.. "

"ဟ ... ဒါ အနောက်တိုင်းဆန်ဆန်နှုတ်ဆက်တာလေ...မင်းကွာ... ဘိုမဆန်လိုက်တာ"

ဖုန်းပြောရင်း ကျောင်းအင်္ကျီကော်လံကို သ လိုက်သည်။ မှန်ထဲတွင် ကျွန်တော့်ရူပါက လန်ဒန်ဖက်ရှင် ပွဲတက်ဖို့အတွက်တောင်လုံလောက်နေသေးသည်။

"တော်စမ်းပါကွာ.. ဟိတ်ကောင် ငါ မင်းအိမ်လာပြီးဂိမ်းဆော့မလို့"

"ဒိီမှာ ညေး.. ကိုယ်က အလုပ်နဲ့အကိုင်နဲ့ စာနဲ့အချစ်နဲ့ကွ.. မင်းလို ၁၀၉ ၁၁၀ မဟုတ်ဘူး .. ငါ ခုပဲ Chan ဆီသွားမလို့ပြင်နေတာ"

"စားထားသမျှတွေမင်းစကားကြားပြီးငါ့ရင်ဘတ်ထဲပျို့ပျို့တက်လာတယ် ဝေါ့ "

" FA ပဲ.. ခံလေ "

" Middle finger up ပါ အယ်ကိုရေ .. ဒါပဲကွာ "

ဖုန်းကိုတီခနဲချသွားသော Xiou Luhan အစား ဖုန်းကိုကြည့်ပြီး ပြောင်ပြလိုက်တဲ့ ကျွန်တော့်မျက်နှာချောလေး....အဟင်း.. ဒီိလို ခန့်ခန့်တည်တည်လျှာထုတ်ပြတတ်ဖို့ဆိုတာ လေ့ကျင့်လိုက်ဦး ဆယ်သက် ဆယ်သက် ။😊
Xiou Lu ကိုမလာစေချင်လို့မလာခိုင်းတာ..Chanyeollie ဆီသွားဖို့က 5 နာရီမှကို အစောကြီးရှိသေးတယ်..
ဘာလို့မလာခိုင်းတာလဲသိလား ? ကျွန်တော့်အိမ်ကိုလာပြီး.. မကြာခင်ရောက်လာမယ့် ကျွန်တော့်အသဲလေးကို ဒင်း စမံခုတ်မှာဆိုးလို့ :v

" အိမ်ရှင်တို့!"

ဟော.. အသဲလေး ရောက်လာပြီ ။

" မောင်လေးက.. Wu Yi Fan လား "

မေးကိုဆတ်ခနဲငြိမ့်ပြလိုက်၏ ။
Delivery လာပို့တဲ့အစ်မက... ကျွန်တော့်ကိုကြောင်ကြည့်နေ၏။

Reverse TheoryWhere stories live. Discover now