အရည်လဲ့လဲ့ သူ့မျက်ဝန်းတွေကို စူးစိုက်ကြည့်မိတဲ့အခါ........
နှလုံးသားမြစ်က ငြိမ့်ငြိမ့်လေး စီးဆင်းတယ်....💜နီရဲရဲ ပါး မို့မို့ကို တို့ထိချင်မိတဲ့အခါ......
စိတ်နှလုံးက သဲ့သဲ့ခုန်တယ်....💜ခပ်ဟဟ နှင်းဆီဖူးငုံကို နမ်းရှိုက်ချင်မိတဲ့အခါ....
စိတ်စွဲလမ်းမှုက ရှည်လျားတယ်....💜ဆန်းပြားလွန်းတဲ့ ကကွက်တွေကို မြင်မိတဲ့အခါ....
စိတ်လိပ်ပြာက အဝေး လွင့်ပျံတယ်....💜သြရှရှ သူ့အသံကို နားဆင်ရတဲအခါ....
စိတ်ဝိညာဉ် ပျောက်ဆုံးတယ်....💜ပြီးပြည့်စုံတဲ့ ထိုလူသားကို ချစ်မိတဲ့အခါ...
ကဗျာ မမည်တဲ့ နူးနူးညံ့ညံ့ စာသားတွေ ဖြစ်ပေါ်တယ်....💜
VOUS LISEZ
"သူ" တစ်ယောက်တည်းအတွက်
Non-FictionKim Jongin နဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ ခံစားချက်တွေပါ... ကျွန်မ တစ်ဦးတည်းရဲ့ ခံစားချက်တွေဖြစ်ပြီးတော့ သူနဲ့ ပတ်သက်တဲ့အမှတ်တရကို သိမ်းဆည်းထားချင်တာပါ...