သူရဲ့ ကျွန်မတစ်ယောက်တည်းအတွက် မဟုတ်တဲ့ မျက်ခုံးတစ်ချက်အပင့်မှာ ကျွန်မရင်ထဲ လိပ်ပြာတွေ ပျံဝဲတယ်.....💙
သူ့ရဲ့ အားလုံးကို ပေးအပ်တဲ့ အပြုံးတစ်ပွင့်အောက်မှာ ကျွန်မ နှလုံးသားထဲ ပန်းတွေလန်းတယ်...💙
သူ့ရဲ့ အကုန်လုံးကို ရည်ညွှန်းတဲ့ လက်တစ်ချက်အလှုပ်မှာ ကျွန်မ အသက်ရှုသံ ခဏရပ်စဲခဲ့တယ်....💙
သူ့ရဲ့ ပိရိသေသပ်လွန်းတဲ့ ကကွက်တစ်ခုမှာ ကျွန်မ. စိတ်ဝိဥာဉ် လွင့်ပါသွားရတယ်....💙
သူ့ကို ချစ်သူ အားလုံးပိုင်ဆိုင်ကြတဲ့ အပြုအမူ တစ်ခုတိုင်းမှာ ကျွန်မ ကျေနပ်စွာ ရှုံးနိမ့်လဲကျတယ်.....💙

ŞİMDİ OKUDUĞUN
"သူ" တစ်ယောက်တည်းအတွက်
Kurgu OlmayanKim Jongin နဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ ခံစားချက်တွေပါ... ကျွန်မ တစ်ဦးတည်းရဲ့ ခံစားချက်တွေဖြစ်ပြီးတော့ သူနဲ့ ပတ်သက်တဲ့အမှတ်တရကို သိမ်းဆည်းထားချင်တာပါ...