ညရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းနေတဲ့ P'Phaရဲ့အသက်ရှုသံပါးပါးက ကျနော့အသက်ရှုသံတွေကိုပိုမိုပြင်းထန်စေတယ်"Yo, အခုကစပီး အစ်ကိုက Yoရဲ့ချစ်သူအဖြစ်နဲ့ Yoကိုဂရုစိုက်ပေးသွားလို့ရမလား..."
ကျနော် ရင်ခုန်နှုန်းတွေမမှန်တော့ဘူး အချစ်ရည်လဲ့နေတဲ့ မျက်ဝန်းတွေနဲ့ P'Phaရဲ့ရွှန်းရွှန်းစားစားအကြည့်တွေမှာ ကျနော်အာစေးမိနေမိတယ်
"အတူရှိနေရအောင်လေ"တောင်းခံတိုးလျှိုးတဲ့အကြည့်နဲ့အတူ ကျနော့လက်ဖဝါးကိုလာဆုပ်ကိုင်လိုက်တဲ့အချိန် ကြက်သီးထတာမှဖြန်းခနဲ .....
တုန်ရီလှိုက်မောစွာနဲ့ P'Phaမျက်ဝန်းတွေကိုပြန်ငေးကြည့်မိတယ်"Yoကို အစ်ကို ချစ်တယ်"
တိုးကပ်လာတဲ့ P'Phaရဲ့မျက်နှာချောချောက နှုတ်ခမ်းရဲရဲကို တချက်ကြည့်ပီးတံတွေးအသာမြိုချမိတယ်
မျက်ဝန်းအစုံမှိတ်ကာ ပေးလာမယ့်အကြင်နာကို ငံ့လင့်နေလိုက်တယ်.......နေဦး..........
Yo ကို အစ်ကိုအရမ်းချစ်တယ်???
ကျနော် ကျနော်က Yoမှမဟုတ်ပဲ
ကျနော်နာမည် Luhan လေ ဒါဆို......
ကျနော်ဖျပ်ခနဲမျက်လုံးဖွင့်ကာ မျက်နှာချင်းထိလုနီးပါး P'Phaကိုကြည့်လိုက်မိတယ်အနီးကပ်မျက်နှာကြီးက ငါးခူပြုံးပြုံးလို့
အိုမားရား 💥Oh Sehunကြီး
အား💥
ဝုန်း
ကုတင်ပေါ်မှ အရှိန်နဲ့ပြုတ်ကျကာ နဖူးနဲ့ကြမ်းပြင်မိတ်ဆက်လေတော့သည်...
အား ကျွတ် ကျွတ်
ဒါ ဒါ ဘယ်လိုအိပ်မက်ကြီးလဲ 😬ကြမ်းပြင်မှလူးလဲထကာ ကုတင်ပေါ်ငုတ်တုတ်ထိုင်သည် ပရမ်းပတာခုန်နေဆဲ ရင်ခုန်နှုန်းငြိမ်သွားအောင် ဘေးစားပွဲမှ ရေတစ်ခွက်ကောက်မော့ချလိုက်သည်
ဟူး ဒါမနေ့က ဟိုကောင် Baekhyun ကျနော့ဖုန်းထဲ အတင်းထည့်ပေးသွားတဲ့BL series 2Moons ကိုကြည့်ပီးစိတ်စွဲသွားတာပဲနေမယ် အဲ့ကောင် ကျနော့်ကို သူ့ဇာတ်သွင်းနေတာ ဟွန့်