ရင်ခုန်သံမညာကြေး - part(2)
Haven Clubထဲဝင်လိုက်သည်နှင့် ဂီတသံခပ်မြူုးမြူးနားထဲစီးဝင်လာသည် ကောင်လေးကောင်မလေးအချို့ကလည်း ဟိုတစ်စု ဒီတစ်စု လူစုံအောင်စောင့်နေကြသည့်ပုံ .........
Luhan ရင်းနှီးသူမရှိသည်မို့ အူကြောင်ကြောင်...အရေးထဲ Baekhyunကအတူဝင်လာပီးဘယ်ရောက်သွားသည်မသိ မွေးနေ့ရှင်အတွက်ပူဖောင်းလေးတွေနဲ့အလှဆင်ထားတဲ့ stageအသေးစားလေးပေါ်လှမ်းကြည့်တော့ ကောင်မလေးတစ်ယောက် သီဆိုနေသည် ဘာဆိုနေတာလဲတော့မသဲကွဲ တစ်ကိုယ်လုံးတော့ တွန့်ခါနေတာပဲ......😕
အဲ stageနောက်ခံက မွေးနေ့ရှင် Sehun Sambaeပုံပဲ မျက်နှာအနီးကပ် ငဲ့စောင်းကြည့်နေတဲ့ပုံ မျက်လုံးတွေကအသက်ဝင်လိုက်တာ Luhan စေ့စေ့မကြည့်ရဲ
"ရောက်လာပီလား"အနားကပ်ပြောလိုက်သည်မှာ အာငွေ့နွေးနွေးပင်နားထင်နားရိုက်ခတ်သွားသည်မို့ Luhan ခြေတစ်လှမ်းဆုတ်ကာလှည့်ကြည့်လိုက်သည်
Wahh....Sehun Sambae all blackနဲ့ဘယ်လိုတောင့် ခန့်ညား သန့်ပြန့်နေရတာလဲ
"အဟမ်း Happy Birthday Sehun Sambea ရော့""ဘာလဲ ဒါက"
"မွေးနေ့ လက်ဆောင်လေ"
"ah......လက်ဆောင်ယူမလာဖို့ပြောဖို့မေ့သွားတယ်😊"
Luhanဘေးဘီဝေ့ကြည့်လိုက်တော့ ဟုတ်သား ဘယ်သူ့မှ လက်ဆောင်တခုခု ယူလာတာမတွေ့ရဘူး..."အဲ့ဒါဆိုလဲမပေးတော့ဘူး "
"ဒီလိုတော့ဘယ်ရမလဲ ယူလာမှတော့ပေးရမှာပေါ့"
ဆတ်ခနဲဆွဲလုကာ ပါဆယ်ထုပ်သေးသေးလေးကိုဖောက်နေပြန်သည်"အာSambaeနောက်မှဖောက်ကြည့်လေ"
Luhanအပြောနောက်ကျသွားပီ..... ရယ်သံသဲ့သဲ့ထွက်လာသည်
"အဟင်းဟင်း"Sehun သမင်ပြာရုပ် ကီးချိန်းလေးကိုမြှောက်ကြည့်ရင်း သဘောတကျရယ်နေမိသည်
"ဘာရယ်တာလဲSambae ကျနော့ကိုလှောင်တာလား😑"
"ah မဟုတ်ပါဘူး ဒီကောင်လေးကမင်းနဲ့တူလို့"
"Sambae😕"
"ဟားဟား ဘာဖြစ်တာလဲရုပ်က.. ချစ်ဖို့ကောင်းပါတယ် ဒါနဲ့ဘာလို့အပြာရောင်လဲ"