Taeyeon ကျောင်းမှပြန်ရောက်လာ၍ သူ၏အိမ်တံခါးကိုဖွင့်ကာ မီးဖိုချောင်ထဲသို့ဝင်သွားပြီး..ညနေစာအတွက်ပြင်ဆင်သည် ယခု သူနေသည့် တိုက်ခန်းမှာ fany ၀ယ်ပေးထားခြင်းဖြစ်၍ taeyeon တစ်ယောက်ထဲသာ ထိုတိုက်ခန်းတွင်ရှိနေ၏
ညစာကို ဗိုက်ပြည့်ရုံသာစားပြီး...သူ၏အိပ်ခန်းသို့ taeyeon ၀င်လာသည် တစ်နေ့တာပင်ပန်းထားသမျှကို ဖြေလျှော့ရန် ရေခပ်နွေးနွေးနှင့် စိမ်ကာ သက်သောင့်သက်သာ အနေအထားနှင့်နေ၏ ရေချိုးခန်းမှထွက်လာ၍ အနည်းငယ်စိုနေသော ဆံပင်ကို သုတ်နေစဉ်
Ph ring 📞
❤ Madam ❤
"အာ....ဟုတ်သားဘဲ..ငါစာမပို့မိဘူး.."
Taeyeon သူ့ကိုယ်သူပြန်ပြော၍ ph ကိုကိုင်လိုက်၏
"Hello "
"Baby အခုဘယ်မှာလည်း အိမ်မှာလား.."
"ဟုတ်ကဲ့.."
"နေ့ခင်းကဘာလို့စာမပို့တာလဲ.."
"Sorry မဒမ် tae အလုပ်ရှုပ်နေလို့ပါ.."
"Baby ကလည်းကွာ ဒီလောက်မှာထားတာကိုတောင်မှ.."
"Sorry ပါမဒမ်.."
Taeyeon သူ၏ မေ့လျှော့မှုအတွက် fany အားနိမ့်ချလျက်တောင်းပန်၏
"ထားလိုက်ပါတော့ကွာ.. ဒါနဲ့..အခုအိမ်မှာရှိလား.."
"ဟုတ်ကဲ့..မဒမ်.."
"Ok..အဲ့တာဆို ငါလာခဲ့မယ်..စောင့်နေနော် "
"မဒမ် ဘာလုပ်မလို့်လဲ.."
Taeyeon အလန့်တကြားမေး၏ ညနက်နေပြီဖြစ်၍ မတော်တဆ fany ကိုတစ်စုံတစ်ယောက်တွေ့သွားလျှင် ပြဿနာဖြစ်သွားနိုင်၍ဖြစ်သည်
"အော်...baby အတွက် တိုင်ပင်စရာရှိလို့.."
"ဘာတိုင်ပင်မလို့လဲ.."
"ဟာ..တွေ့မှဘဲပြောတော့မယ်.."
X X X X X X X X X X
အဆက်မပြတ်မြည်သော bell သံကြောင့် taeyeon တံခါးစီသို့ ပြေးသွားသည် အရှိန်နှင့်ပြေးဖက်ဝင်လာသူကြောင့် အနောက်သို့အနည်းငယ် ယိုင်သွားပြီး..လဲမကျသွားစေရန်မနည်းထိန်းလိုက်ရ၏ fany တင်းတင်းကျပ်ကျပ်ဖက်ထား၍ taeyeon အသက်ရှုပင်ကျပ်လာ၏