ချယ်ရီပန်းခက်တစ်ခု အဖြူရောင် ကြွေခွက်လေးနားတွင် သေသပ်စွာ အလှဆင်ထားခြင်းခံနေရသည်..ထိုခွက်လေးထဲမှ ထွက်လာသော.. ကော်ဖီနံ့
သင်းသင်းနှင့် မီးခိုးရောင်အငွေ့ပါးပါးလေးမှလွဲ၍ ထိုနေရာ၌ မည်သည့်လှုပ်ရှားမှုမှမရှိ ။ကြွေခွက်နှုတ်ခမ်းသားကို လက်ညှိုးလေးနှင့် သပ်ရင်း စတင်လိုက်သည့်စကားသံက ထိုတိတ်ဆိတ်နေသည့်အခြေအနေကို ဖြိုဖျက်လိုက်၏..
" တစ်ခါတစ်လေ..လူတွေက သူတို့ဘဲ
အမှန်တရားဘက်မှာ ရောက်နေသလိုပုံစံနဲ့ တစ်ဖက်သူကို အမှားဘက်တွန်းပို့တတ်ကြတယ်..!!"မသဲမကွဲအသံ၏ စကားလုံးမုန်တိုင်းက
Taeyeon ရင်ကို ဗြောင်းဆန်စေသည်.."ခါးလိုက်တာ..!!"
ကော်ဖီအရသာကို မြည်းစမ်းကြည့်ပြီးနောက် sunny ထင်မြင်ချက်ပေး၏..
Taeyeon သိသည်ကား sunny ထို coffee ခွက်ထဲသို့ သကြား 3 ဇွန်းထက်မနည်းထည့်ပြီးသည့်အကြောင်းကို ။" ငါ ပြောတယ်ဆိုရင်ကော..
မင်းယုံမလား taeyeon..?"Sunny ၏ခေါင်းစဉ်မရှိဘဲ..အဖြေထုတ်နေသည့်အပေါ် taeyeon စိတ်မသက်မသာဖြစ်မိသည်တော့ အမှန်ပင် ။
" မင်းချစ်တာထက် မများရင်တောင် ၊ မနည်းတဲ့အချစ်နဲ့ ချစ်ခဲ့တယ်ဆိုတာ.."
Taeyeon ထိုင်ရင်း စားပွဲကို အားနှင့်ရိုက်
ကာထလိုက်၏.." Ms Hwang အကြောင်းဆို ဆက်မပြောသင့်တော့ဘူးထင်တယ် ၊
ပြန်ပါတော့ ""ဟုတ်ပြီ..ငါပြန်ပါ့မယ်..!! ငါနင့်ကို fany နဲ့ပတ်သတ်တဲ့အကြောင်းတွေသေချာ
ရှင်းပြပေးချင်ပေမဲ့..ငါ့မှာအဲ့ဒီအခွင့်အရေးမရှိဘူးထင်တယ်..!! ထားပါတော့..
တစ်ခုတော့ပြောပါရစေ taeyeon ၊
Fany နင်နဲ့ဝေးနေတဲ့အတောအတွင်း
နင်အပြစ်မပေးလည်းရတဲ့ အပြစ်ဒဏ်ကို
သူခံခဲ့ရပြီးပြီဆိုတာနင်သိထားပေးပါ..."