Chapter-1

271 15 0
                                    

drumသံကျယ်လောင်စွာထွက်ပေါ်တတ်သောအခန်းလေးထက်ဝယ်
ကျတော်နှင့်သူအတူတူရှိခဲ့ကြတယ်...
ရယ်မောခဲ့ကြတယ်...
အမှတ်တရပေါင်းများစွာဖန်တီးခဲ့ကြတယ်...
ကျတော့်ရဲ့တဖက်သက်အချစ်များစွာနဲ့သူကိုပျော်ရွှင်အောင်ထားပေးခဲ့တယ်...

ယခုတစ်ဖန်ကျတော်တို့နှစ်ယောက်မွေးဖွားခဲ့ရာဒီအခန်းဟောင်းလေးဆီမှာ ကျတော်တစ်ယောက်ထဲနာကျင်စွာတည်ရှိလို့နေတယ် သူများကျတော့်ကိုပြန်လာရှာလေမလား...
သူများမျှော်နေမလား...
သူများ...ငိုနေမလား
ဟင့်အင်း...စတင်ခွဲခွာသွားတဲ့သူကငိုမတဲ့လား
ကိုယ့်ရဲ့ရူးကြောင်ကြောင်နိုင်တဲ့အတွေးများကိုခဏတာရပ်တန့်ရင်း... တစ်ချိန်ကသူတီးနေကြdrumလေးကိုလက်နဲ့အသာအယာထိတွေ့မိတော့ ဖုန်မှုန့်ကလေးများအလှိမ့်လိုက်ကပ်ပါလာလေသည်
သူတကယ်ဘဲဒီနေရာကိုပြန်မလာခဲ့ဘူးဘဲ...

''Baekhyun...''

''ဟင်...''

''ပြန်ကြရအောင်လေ''

''ခဏလောက်နေပါရစေဦးကွာ''

''မင်းအဖေခေါ်နေပြီ''

''သိတယ်ခဏလေး ခဏလေးပါဘဲကွာ''

''ကောင်းပြီ...ဒါပင်မဲ့ဒီနေရာကိုလာတာ ဒါနောက်ဆုံးအနေနဲ့သဘောထားပြီးမင်းကိုဆက်နေခိုင်းမယ် နာရီဝက်ကျော်ရင်တော့မင်းဒီနေရာကိုထာဝရခွဲခွာရမယ်''

''Kai!! ''

''မင်းမလုပ်နိုင်လဲ လုပ်နိုင်အောင်ကြိုးစားထားရမယ် မင်းဘက်စတင်ပြီးအရှုံးပေးနေရင် မင်းကိုတသက်လုံးသူကအနိုင်ရသွားလိမ့်မယ်''

''arnyiဘယ်လောက်ဘဲအောင်မြင်မှုမက်မောတဲ့သူတစ်ယောက်ဖြစ်စေဦး သူဘယ်တော့မှအဲ့လိုလုပ်မဲ့သူမဟုတ်ဘူး ဟုတ်တယ်Chanyeolကအဲ့လိုလူမျိုးမဟုတ်ဘူး''

''hk...ဒါဆိုသူကို့လွမ်းတဲ့စိတ်နဲ့ကုန်ဆုံးခဲ့တဲ့၃နှစ်ကရော တခါမှမဆက်သွယ်တော့သူကရော အောင်မြင်သွားကတည်းကကျေးဇူးရှင်မှန်းတောင်မသိရလောက်အောင် မိုက်မဲတဲ့ကောင်ကကော ...ဟူးတော်ပြီbaekhyunငါဆက်မပြောချင်တော့ဘူး မင်းနဲ့ငါနဲ့လက်ထပ်ပွဲကိုအမြန်ဆုံးစီစဉ်မယ် ငါဆက်ပြီးသည်းမခံနိုင်တော့ဘူး မင်းရဲ့ဒီလိုပုံစံတွေကိုဆက်မမြင်ချင်တော့ဘူး ငါအပြင်ကစောင့်နေမယ်...''

*ဂျိန်း*

ပိတ်သွားသောတံခါးသံမှအပပတ်ဝန်းကျင်မှာတိတ်ဆိတ်လျက် ဆူညံ့လွန်းလှတဲ့ကျတော့်တို့အခန်းလေးကဒီလိုတောင်ဖြစ်သွားပြီလား...

''chan ah...တကယ်ဘဲမင်းငါ့ကိုမေ့သွားပြီလား kaiပြောသလိုအောင်မြင်ပြီးကတည်းကငါဆိုတဲ့သူကိုမင်းမေ့လိုက်ပြီလား...''

စို့တက်လာသည့်မျက်ရည်များကိုလက်ခုံနှင့်ခက်ကြမ်းကြမ်းသုတ်လိုက်ရင်း တစ်ချိန်ကကျတော်တို့နှစ်ယောက်၏အတိတ်ဆီသို့အတွေးများရောက်ရှိသွားလေသည်...

ဒုံး ဒုံး

''yahhတော်တော့ကွာနားညီးလာပြီ''

''အောင်မယ် ပညာရှင်ရဲ့လက်သံကိုကြိတ်စွဲလန်းနေပြီးများ''

''ဖြစ်ရဦးမယ် ဆုတောင်းလေ''

''hk hkဆုတောင်းပါတယ်ကွာ ကျတော့်ရဲ့လက်ရည်တွေကိုentertainmentကောင်းကောင်းကတွေ့သွားပြီးအောင်မြင်တဲ့idolကြီးဖြစ်လာအောင်ပျိုးထောင်ပေးပါစေလို့လေ ''

''စောက်ပေါ သူလောက်စုတ်ပဲ့တဲ့drumသံမရှိတာကိုများ သူတောင်းစာတောင်သူထက်တီးတက်ဦးမယ်''

''yarrr...ဒါတော့လွန်သွားပြီ လူကိုစော်ကားချင်စော်ကားပညာကိုမစော်ကားနဲ့ ရင်နာတယ်ကွ''

''ရပ်တ် ဟား ဟားPark Chanအရူး''

''တော်တော့ နော်...''

''La la la Park Chanအရူးကြီးပါကွာ''

''တော်တော့လို့ပြောနေတယ်နော် မတော်နိုင်ဘူးပေါ့ ဟုတ်လား အေးတွေမယ်မင်းလာခဲ့... '

''အား...ommaရေသားကိုpark chanအနိုင်ကျင့်နေပါတယ်လို့''

*ဟား ဟား ဟား*

ဒီလိုရီသံတွေဖုံးလွှမ်းခဲ့တဲ့ အခန်းလေးကအခုတော့လည်းတိတ်ဆိတ်နေလိုက်တာ ဆိုတာ...

''မင်း...ဆီကိုပြန်လာပြီchanyeol...ငါမင်းကိုဖက်တွယ်ထားမှာတော့မဟုတ်ဘူး...မင်းငါ့ကိုပြန်ပြီးတမ်းတလာအောင် ပြန်ပြီးဖတ်တွယ်လာအောင်ငါလုပ်မယ်...''

TBC...

Melody From The HeartWhere stories live. Discover now