မှိုင်းပြပြကောင်းကင်ကြီးအောက်တွင် Chanyeolတို့သုံးယောက် ကျောင်းတော်ကြီးဆီသို့ လမ်းလျှောက်လို့နေသည်။ဒီကျောင်းတော်ကြီးက Baekhyunနှင့် Chanyeolတို့ဆုံစည်းစေတဲ့ကျောင်းတော်ကြီး ပြီးတော့...သူတို့ အချစ်တွေမွေးဖွားခဲ့ရာနေရာ...တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြောင်းအသိမပေးခဲ့ပင်မဲ့လည်းပေါ့...။
"Kai..ဟိုမှာတွေ့လားအဲ့စားပွဲခုံလေးက ငါနဲ့Chanyeol စာလုပ်နေကြနေရာလေး"
"အော် . . ."
Kaiဆီကစိတ်ပျက်နေသည့်လူတစ်ယောက်သဖွယ် သံရှည်ဆွဲပြီး ပြောလာတော့Chanyeolနာနာကျင်ကျင် ပြုံးလိုက်မိသည်။ အခုKaiဘယ်လိုခံစားနေရမယ်ဆိုတာ သူကောင်းကောင်းသိတာပေါ့...။
"ကျောင်းဝန်းကြီးတောင် အရင်ကထက်ပိုကျယ်သွားသလိုဘဲ"
သုံးယောက်ထဲမှာ Baekhyunသည်သာ စကားတွေတရဆက်ပြောလို့နေသည်။စိမ်းသက်နေတဲ့သူတို့သုံးယောက်ဆက်ဆံရေးကိုပြန်ပြီး နွေးထွေးစေရန် Baekhyunအစွမ်းကုန်ကြိုးစားနေချင်း။သူမှ မကြိုးစားရင်လည်း ကျန်နှစ်ယောက်ဆီကဘာစကားမှ ထွက်လာမှာမဟုတ်ဘူးလေ...
"ရှေ့လဆိုကျောင်းပြန်ဖွင့်ပြီတဲ့ လာငါတို့ဒီမှာထိုင်ရအောင်"
သစ်ပင်အောက်တွင်ပြုလုပ်ပေးထားသော သစ်သားစားပွဲခုံရှည်နှင့် ထိုင်ခုံရှည်တွင်ဝင်ထိုင်လိုက်ကြလေသည်။Baekhyun၏ဘေးတွင် Kai၀င်ထိုင်လိုက်ပင်မဲ့ Chanyeolကတော့Baekhyun၏မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။
"မင်းတို့ကောင်တွေကလည်းကွာငြိမ်နေလိုက်တာ စကားလေးဘာလေးပြောပါဦးကွ ငါကြီးပြောနေရတာမောလာပြီ"
မျက်မှောင်ကြုံပြီး ကလေးတစ်ယောက်သဖွယ်ပြောနေသောBaekhyunကြောင့်Chanyeolနှင့်Kaiအလိုလို ပြုံးမိသည်။သူတို့နှစ်ယောက်မိနေတဲ့အဆိပ်ကBaekhyunဆိုတဲ့ကောင်လေးဘဲမဟုတ်လား...

YOU ARE READING
Melody From The Heart
RomantiekBaekhyun- မြတ်နိုးရသောသူ... ရက်စက်လှသောသူ... သူ...မှသူသာဖြစ်နေခဲ့တယ်တဲ့အထိချစ်မိပါသည်။အနားတွင်ရှိခဲ့သော အမြဲရှိပေးခဲ့သောသူအား မမြင်နိုင်သည်ထိ သူ့အားရူးမတတ်ချစ်ရပါသည်။သို့သော်...တစ်ချိန်တစ်ခါကလိုသူ့အားဆွဲထားခြင်းမပြု...သူသာလျှင်ကျွန်တော့်ဆီအရောက်ပြန်...