ခေတ်မီပြီးဖွံ့ဖြိုးတိုးတက်နေတဲ့ Seoul မြို့ရဲ့နေ့လည်ခင်းဟာအပြင်လောကမှာတော့ရှုပ်ထွေးလှပေမယ့် dorm ထဲမှာတော့တိတ်ဆိတ်နေခဲ့တယ်
အခန်းပေါင်းများစွာရှိသောအခန်းများထဲမှတစ်ခန်းတွင်ကောင်လေးတစ်ယောက်အကျႌမီးခိုးရောင်လက်ရှည်လေးနှင့်ပြတင်းပေါက်ကိုကြည့်ကာတွေးတောနေသည်
ထိုကောင်လေးမှာတော့တခြားသူမဟုတ်~Yuta ပင်ဖြစ်သည်
~~~~
Yuta's POV
အရာရာအားလုံးကအိပ်မက်လိုပဲ အဲ့ဒီနေ့ပြီးဆုံးသွားပြီးကတည်းက...
ဒီနေ့ထက်ထိမယုံနိုင်သေးဘူး...အားလုံးကအရင်တိုင်းပြန်ဖြစ်သွားပြီးအဆင်ပြေသွားပေမယ့်ဖြစ်ခဲ့တာတွေကိုမယုံနိုင်သေးဘူး
mark ကိုအဲ့လိုလူမျိုးလို့လုံးဝမထင်ထားခဲ့ဘူး....ရိုးသားဖြူစင်တဲ့ကလေးတစ်ယောက်လိုပဲမြင်ခဲ့တာ...
အခုတော့ကျနော်သူ့ကိုမုန်းမိပြီလေ...သူ့ခံစားချက်အမှန်ကိုသိသွားပြီးသူ့ရဲ့စိတ်ဓာတ်ကိုလည်းသိခဲ့ရပြီ...တကယ်ပါအခုထိမယုံနိုင်သေးတာ....
ကျနော် winwin နဲ့တစ်ခန်းတည်းပြန်လာနေတာအခုဆို၁လတောင်ကျော်သွားပြီပဲ....butအခုထိဖြစ်ခဲ့တာတွေကမနေ့တစ်နေ့ကလိုပဲ...
...........
winwinအပေါ်အပြစ်ရှိသလိုခံစားရတယ်...တကယ်ဆိုကျနော်သူ့ကိုအဲ့လောက်အကြာကြီးမပစ်ထားခဲ့သင့်ဘူး...ဘာမှနားမလည်တဲ့ကလေးတစ်ယောက်ကိုစိတ်ကောက်ခဲ့မိတယ်...ကျနော့်အချစ်ကိုမယုံဘူးဆိုပြီးပစ်ထားခဲ့မိတယ်....နောက်ဆုံး..အခန်းပြောင်းခဲ့တဲ့အထိ~
Johnny hyung ကိုလည်းတကယ်အားနာမိတယ်...သူကmarkအကြောင်းကိုသိမလားတော့မသိပေမယ့်ကျနော်တို့ဖြစ်ခဲ့တာတွေကိုရိပ်မိတာတော့အမှန်ပဲ
hyung ကိုအတင်းအကျပ်အခန်းပြောင်းခိုင်းခဲ့တယ်...ပြီးတော့လည်းwinwinနဲ့ပြန်နေချင်လို့ပြောင်းခိုင်းမိပြန်ရော~ တကယ်အားနာပါတယ်
mark ကကျနော့်အပေါ်အဲ့လိုစိတ်မျိုးရှိလိမ့်မယ်လို့တကယ်မထင်ထားခဲ့ဘူး....အမှန်တိုင်းပြောရရင်သူနဲ့ဝေးဝေးနေချင်တာတော့အမှန်ပဲ...

YOU ARE READING
Paradise
Fanfictionသူနဲ့ကျနော်တူညီအိပ်မက်ကိုမက်ခဲ့ကြတယ်။ တူညီတဲ့နေရာကိုရောက်ခဲ့ကြတယ်။ တူညီတဲ့အခန်းမှာနေခဲ့ ကြတယ်။ တူညီတဲ့အလုပ်ကိုတွဲလုပ်ခဲ့ကြတယ်။ ဒါတွေအားလုံးက Paradise လိုပါပဲ :)