Winwin's POV
ဖွင့်မပြောဘူးလို့ဆုံးဖြတ်ထားပေမယ့်ကျနော်ချစ်ရတဲ့သူ သူများနောက်ပါသွားမှာကြောက်တဲ့အတွက်ကြောင့်မာနကိုခဝါချပြီးဖွင့်ပြောခဲ့တယ်
အချစ်မှာမာနမရှိပါဘူး ကျတော်ဘယ်လောက်ပဲမာနကြီးကြီးသူနဲ့ပက်သက်လာရင်တော့လျော့ကျမြဲပါ
mark က hyung ကို ကျနော်နဲ့ဝေးရာခေါ်ထုတ်သွားမှာစိုးရိမ်မိလို့ hyung ကိုဖွင့်ပြောလိုက်ရတယ် ကျနော်ကျေနပ်ပါတယ် သူကျနော့်ခံစားချက်တွေသိသွားပြီလေ သူ့အချစ်ကိုယုံတယ်ဆိုတာလည်းသူသိသွားတယ်
မထင်မှတ်ထားတဲ့ကျနော့်ဘဝရဲ့ပျော်ရွှင်မှုတွေထဲကတစ်ခုကတော့ hyung ကျတော့်အခန်းကိုပြန်လာတာပါပဲ သူနဲ့နှစ်ယောက်တည်းအရင်လိုပြန်နေရတော့မှာကိုသိရတော့တကယ်ပျော်မိတယ်
အခုဆိုကျနော်တို့တွဲနေကြပြီ ဒါမဲ့ကြားဝင်နှောင့်ယှက်မဲ့သူတွေကိုစိုးရိမ်ရတယ် အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူး mark တစ်ယောက်တည်းပါ
အဲ့လိုပဲ fan တွေနဲ့ staff တွေသိသွားမှာလည်းအရမ်းစိုးရိမ်တယ် အချစ်ကိုငဲ့ပြီးအဖွဲ့ထဲကထွက်ရမလား ဒီအတိုင်းဘယ်သူမှမရိပ်မိအောင်တွဲရမလား ပိုပြီးစိုးရိမ်တာတစ်ခုက variety show တွေလုပ်တဲ့အချိန်မှာ ပေါ်သွားမှာကိုပဲ ပါးစပ်ဆိုတာပြောလို့မရဘူး ထွက်ချင်ထွက်သွားမှာ အကယ်၍များသာအဲ့လိုဖြစ်ခဲ့ရင်ဆိုတဲ့အတွေးနဲ့ကျနော်အိပ်မပျော်ခဲ့ပါဘူး...
ပြီးတော့နောက်တစ်ခုက mark.... ဟုတ်တယ်။ သူရဲ့စိတ်ဓာတ်ကိုအရမ်းအထင်သေးသွားပြီ တကယ်ပါ သူ့လိုလူမျိုးကိုတကယ်အထင်သေးမိတယ်
Yuta.. သူကျနော့်နှလုံးသားကိုဆွဲငင်နိုင်လွန်းတယ် သူကသံလိုက်ဆို ကျနော့်နှလုံးသားကသံထုထည်ကြီးပါပဲ သူ့ရဲ့ဂရုစိုက်မှုတွေအောက်မှာကျနော်ကျရှုံးခဲ့ရတယ် အဖွဲ့ထဲမှာကျနော့်ကိုဂရုအစိုက်ဆုံး ကျနော့်အကြိုက်လိုက်ပြီး ကျနော်မတတ်တာတွေသင်ပေးတယ်။
သူကကျတော်လေးစားရတဲ့ hyung ❤️ ကျနော်ချစ်ရတဲ့ member❤️ ကျနော်အားကျရတဲ့ senior ❤️ ကျနော်မြတ်နိုးရတဲ့ကျနော့်ချစ်သူ❤️

VOUS LISEZ
Paradise
Fanfictionသူနဲ့ကျနော်တူညီအိပ်မက်ကိုမက်ခဲ့ကြတယ်။ တူညီတဲ့နေရာကိုရောက်ခဲ့ကြတယ်။ တူညီတဲ့အခန်းမှာနေခဲ့ ကြတယ်။ တူညီတဲ့အလုပ်ကိုတွဲလုပ်ခဲ့ကြတယ်။ ဒါတွေအားလုံးက Paradise လိုပါပဲ :)