epi 4

2.2K 214 8
                                    

ဘာမှသာမဟုတ်တာ တစ်လတောင်
ရှိသွားပြီ ဒီတစ်လ အတွင်း hunnie
လေး သူ့ပေါ်တော်တော် ခင်တွယ်
လာသည် ဘာလုပ်လုပ် သူရှိမှပင်
အရင်တုန်းက အိပ်ပြီဆို သူကြည့်
နေရင် မအိပ်တတ်တဲ့ hunnie က
အခု သူ့ကိုကြည့်နေမှအိပ်တတ်
တော့သည် ဘာလို့လဲမေးတော့
လူကြီးရှိနေရင် အိပ်မက်ဆိုးတွေ
မမက်လို့တဲ့ တကယ့် ကလေးလေး
hunnie နဲ့ soo က ချမ်းသာပေမဲ့
သူများတွေလို ကြွားကြွားဝါဝါမနေ
အကူညီလိုလို့ လာ ကူညီတောင်းရင်
လည်း လိုလိုလားလား ကူညီပေး
သည် လူများအပေါ်လည်း အနိုင့်
ကျင့်ခြင်းမရှိပေမဲ့ ကျွန်တော်နဲ့
kai အပေါ်တော့ ဆိုးချင်သည်
ဆိုး ဆို ကျွန်တော်တို့ကလည်း
မလုပ်ပေးဘူးလို့ ပါးစပ်ကသာ
ပြောတာ လက်ကလုပ်ပေးပြီးပြီ

အခုလည်း ဒင်းလေး အိပ်ယာက
မနိုးသေးလို့ နိုးရဦးမည်

"hun လေး hunnie လေး ထတော့
လေ "
"innnnnn "
အင်းးလို့သာပြောတာ ခန္ဓာကိုယ်
က ဟိုတစ်ဖက်လှည့်ကာ ဆက်အိပ်
နေသည် အလိုလိုက်တော့
အကန်းတတ်ချင် 
"oh sehunnnnnn"
"အာာာားးးးးးလူကြီးရာ နားကိုညီး
နေတာပဲ အိပ်နေတာကို "
"oh sehunနာရီလည်း ကြည့်ဦး ကျောင်းနောက်ကျလိမ့်မယ် ထ
တော့"
"လူကြီးနော် oh sehun လို့ ခေါ်
ရင် မကြိုက်ပါဘူးဆို "
"ခင်ဗျာ့ လေး နာမည်က oh sehun
မဟုတ်ဘူးလား"
"ဟုတ်တာတော့ ဟုတ်တာပါ့
ဒါပေမဲ့ တစ်ခြားလူတွေခေါ်လေ
လူကြီးက အဲ့လိုခေါ်နဲ့ လူကြီး
ခေါ်ရင် ကြိုက်ဘူး "
hunnie အပြောကြောင့် လူက
မြောက်ချင်သလိုလို စပ်ဖီးဖီးရုပ်နှင့ိ
"wae ?"
"ဟာ လူကြီးကလည်း မသိဘူးဗျာ"
မျက်နှာက ခရမ်းချဉ်သီးနဲ့ နင်လား
ငါလားမသည်းကွဲအောင်ရှက်နေ
ပြန်ကာ ရေချိုးခန်းထဲဝင်သွား
သည်
"ချစ်ဖို့ကောင်းတယ်"
လည်ကုတ်ကိုပွတ်ကာ ရှက်ယမ်း
ယမ်းနေတဲ့ လူကြီးရှိသလို
သူ့ကိုယ်သူမှန်ထဲပြန်ကြည့်ကာ
နီရဲနေတဲ့မျက်နှာလေးကို လက်
လေးနှစ်ဖက်နဲ့ အုပ်ကာရှက်ယမ်း
ယမ်းနေတဲ့ ကောင်လေးလည်း
ရှိနေပြန်သည်

hunnie ရေချိုးခန်းထဲ ပြန်ထွတ်
လာတော့ လူကြီးကိုမတွေ့
အောက်ထပ်တွေရော အကုန်
ရှာပေမဲ့ မတွေ့တာမို့ အိမ်တော်ထိန်း
ကြီးကိုမေးကြည့်တော့ အလုပ်ကိစ္စ
နဲ့အပြင်သွားသည်တဲ့ ကျောင်းကို
တော့ driver က လိုက်ပို့ပေး
မည်တဲ့

My BodyguardWhere stories live. Discover now