❤⚡- 2

1.4K 206 9
                                    


Love⚡is⚡base⚡on⚡Thunder

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

ခြေ​ထောက်​​တွေရဲ့ဦးတည်​မှု့အရအိမ်​​နောက်​​ဖေး​ရေတွင်းနားကိုကျ​နော်​​ရောက်​လာခဲ့တယ်

ညည်းသံ...သဲ့သဲ့ကြား​နေရသလို...

"သရဲလားမသိဘူး..😰"

အခုချိန်​မှာကျ​နော်​ဘာမှမစဉ်းစားမိ..သရဲဟုသာစဉ်းစားမိသည်​..ဟုတ်​တယ်​​လေ ဒီ​လောက်​ညဘက်​ကြီးခြံအ​နောက်​ဖက်​မှာလူဆိုလို့ကျ​နော်​တစ်​​ယောက်​ပဲရှိတာ.

အဲ့ညည်းသံကျ​နော်​စီကမှမဟုတ်​တာ..အဲ့​တော့သရဲ​ပေါ့...ကိုယ့်​အ​တွေးနဲ့ကိုယ်​အစီအရီဖြစ်​ကာ​ခြေလှမ်းများအ​နောက်​သို့ပြန်​လှည့်​ဖို့ပြင်​တုန်း...

"ကူ~ညီ~ပါ"

"ဟမ်​😥"

"ကူ~~~ညီ~~~ပါ"

ပိုပြီးထင်​ရှားလာတဲ့အသံ​ကြောင့်​..ကျ​နော့်​​ကြောက်​စိတ်​​တွေပါ​ပျောက်​ပျက်​သွားတယ်​။..အသံလာရာကိုသာမှန်းပြီးချ ဉ်းကပ်​မိ​တော့..

"​ရေတွင်းထဲကပဲ😯"

မချင့်​မရဲ​ရေတွင်းထဲငုပ်​ကြည့်​​တော့..​ကောင်​​လေးတစ်​​ယောက်​..သတိမလစ်​တလစ်​​လေး​ရေတွင်းနံ့ရံကိုမှီပြီးမှိန်း​နေတယ်​။ထူးဆန်းလိုက်တာ..​ရေ​တွေ​နေ့လည်​ကအပြည့်​ရှိတာ...

အခု​တော့ထို​ကောင်​​လေးထိုင်​​နေတာ​တောင်​မှသူ့ဗိုက်​နား​လောက်​ပဲရှိတယ်​။..ထို​ကောင်​​လေးပုံစံကထင်​ထင်​ရှားရှားဆိုလို့နို့နှစ်​​ရောင်​အသား​လေးရှိတယ်​။မေးရိုးကလည်းချွန်​သည်​ဆိုတာထက်​ပိုချွန်​​နေသလို..သူဟာနဲ့သူက​တော့ပနံတင့်​​နေတာပဲ။

အခုလည်းသူ့ကို​ရေတွင်းထဲကသွား​ခေါ်ရဦးမယ်​။ကျ​နော်​တို့​ရေတွင်းသားနံရံ​ဘေးမှာက​သံ​လှေကား​လေးလုပ်​ထားတယ်​​လေ..အဲ့သံ​လှေကား​လေးက​နေပဲသတိထားပြီးကျ​နော်​ဆင်းသွားလိုက်​တယ်​။

"ဒီမှာ...ဒီမှာ..​ကောင်​​လေး"

"ချမ်း...ချမ်းတယ်​"

*ချမ်းတယ်​*ဟုညည်းတွားရင်းကျ​နော့်​ခါးကိုသူ့လက်​က​လေးနှစ်​ဖက်​နဲ့လှမ်းဖက်​လိုက်​တာ​ကြောင့်​ကျ​နော်​လန့်သွားတယ်​။
ဒါ​ပေမယ့်​ကျ​နော်​မရုန်းမိ..သူအ​တော်​​လေးချမ်း​နေတာသိသာလွန်းတယ်​။

Love is base on Thunder⚡Onde histórias criam vida. Descubra agora