One weed later
.
.
.
.
.
.
Mr.H - " လာကြ လာကြ Shindong ya
မတွေ့တာတောင် အတော်ကြာပြီ 😊"အိမ်ရှေ့သို့ ထိုးရပ်လာသော Taeyeon ၏ ကားပေါ်မှ ဆင်းလာကြသည့် ဖြူဖြူခန့်ခန့်နှင့် လူကြီးစုံတွဲအား Fany's Appa Mr.Hwang က လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်သည်။
ထိုလူကြီးနှစ်ယောက်နောက်မှ Kim Yul နဲ့ Kim Taeyeon ပါ လိုက်လာကြရာ နိုင်ငံခြားမှ သူတို့၏ မိဘများဆိုတာကို Tiffany ခန့်မှန်းမိပါသည်။Mr.H - " ထိုင်…ထိုင် Shindong ya မင်းက လာခါနီးမှ ph ဆက်တော့ အခု မင်းတို့ကို ဧည့်ခံဖို့ ဘာမှ ဖွယ်ဖွယ်ရာရာ မပြင်ဆင်ထားရသေးဘူး "
SD - " မလိုပါဘူးကွာ ငါတို့က စားဖို့လာတာ မဟုတ်ပါဘူး တောင်းဖို့လာတာပါ 😊"
Mr.H - " ဘာများလဲ.? "
SD - " မင်းနဲ့ငါနဲ့ သဘောတူထားတဲ့ကိစ္စလေ!!
ငါ့သားငယ်နဲ့ မင့်သမီး လက်ထပ်ဖို့အတွက် မင့်သမီးကို လာတောင်းတာကွ မေ့နေပြီလား.? "Mr.H - " ha…ha မေ့စရာလားကွာ!!😄😄 ငါမှတ်မိပါတယ် "
Kim Shindong စကားကြောင့် Fany's Appa နဲ့ Omma က ပြုံးလိုက်ကြပြီး Tiffany ကတော့ အံ့သြသွားရသည်။
Taeyeon ကို ကြည့်လိုက်တော့ ဘာမှ အံ့သြပုံမပြ။သူမကိုတောင် စေ့စေ့ကြည့်နေသော သူရဲ့အကြည့်စူးစူးတွေကြောင့် Tiffany အမြန်ပဲ မျက်လွှာချလိုက်ရသည်။* ဟွန့်😒😒 ရုပ်ကိုက မုန်းစရာကြီး *
SD - " ကဲ မိဘတွေ သဘောတူတာတော့ ဟုတ်ပါပြီ ကာယကံရှင် သမီးလေးရဲ့ သဘောကိုလဲ မေးကြပါအုံး "
Fany - " Fany စဉ်းစားပါ့မယ် ပြီးတော့ ဒီကိစ္စကို Taeyeon ကိုယ်တိုင်ကရော လက်ခံလား.? ဆိုတာ သိချင်ပါတယ် "
ဘာပဲပြောပြော ဒီကိစ္စက Taeyeon ရဲ့ဆန္ဒလဲ ပါမယ်ဆိုရင်တော့ Tiffany ရင်ခုန်နေမိတာ အမှန်ပင်။
T's omma - " သားငယ် ပြောလိုက်လေ သားလက်ခံခဲ့လို့ Omma တို့ ဒီအထိ ရောက်လာတယ်ဆိုတာ "
Tae - " ဟုတ်တယ် Tiffany! ငါ့မိဘတွေ စကားကို မပါယ်ရှားချင်လို့ ငါလက်ခံခဲ့တယ်😏 "
Taeyeon တမင်တကာ Tiffany ကို ဘုဘောက် ပြောလိုက်သည်။
Fany's mind:* Kim Taeyeon စုတ်!! ပြောပုံကိုက အထက်စီးနဲ့ … ငါကသာ သူဆန္ဒပါမယ်လို့ မျှော်လင့်မိတာ မှားတာပဲ!! *