🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄🌄
မနက်မိုးလင်းတော့ Tiffany တစ်ယောက်အရင်နိုးလာသည်။သူမနောက်ကျောဆီမှ သူရဲ့ရင်ငွေ့နွေးနွေးလေးကို ရနေတုန်းမို့ တစ်ညလုံး သူတို့ ဒီအနေအထားနဲ့ အိပ်ခဲ့တယ်ဆိုတာ အထင်အရှားပင်..
သူရဲ့လက်တွေက သူမခါးမှာမရှိဘဲ သူမလက် မောင်းတစ်လျှောက်ကို ဖက်တွယ်ထားတယ်။Tiffany သူရဲ့လက်ကလေးတွေကို ဆွဲယူပြီး သူမလက်လေးနဲ့တိုင်းကြည့်နေမိတယ်...
* ha..ha.😄😄.ယောက်ျားလေး မလို့သာဆိုတယ်လက်လေးတွေကလဲသေးသေးလေး.. . ကလေးလက်လေးတွေ ကျနေတာပဲ *
Tiffany သူမအတွေးကြောင့်ပြုံးနေမိတယ်... ထိုအချိန်Taeyeon ခန္ဓာကိုယ်က လှုပ်လာတော့
သူမ မျက်၀န်းတွေကို မှိတ်ပြီး အိပ်ဟန်ဆောင်နေလိုက်သည်။Taeyeon မျက်လုံးတို့ကို ဖြည်းဖြည်းချင်းဖွင့် လိုက်တော့ ညကဖက်ထားတဲ့အတိုင်း သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေဆဲဖြစ်နေတဲ့ သူ့ရဲ့ဇနီးလေးကို မြင်လိုက်ရတယ်...Taeyeon သူ့ဇနီးရဲ့ပခုံးနုနုလေးကို ဖွဖွလေးနမ်းလိုက်တော့ Tiffany ကိုယ်လေးတွန့်သွားတာကို မြင်ပြီး သူပြုံးလိုက်မိတယ်..နောက်တော့ သူ အိပ်ရာက အသာထလိုက်ပြီး အပျင်းကြောဆန့်လိုက်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။
Tae - " ခုထိ အိပ်ရာက မထသေးဘူးတော်တော်အိပ်နိုင်တဲ့ ၀က်ပေါက်လေးပဲ😉 "
Taeyeon ရေချိုးခန်းထဲဝင်သွားမှ Tiffany ထလိုက်ပြီး ....
Fany - " Bowr.? ငါ့ကိုများ ၀က်ပေါက်တဲ့.!😒 သူကဖြင့်လေတိုက်ရင်လဲမဲ့ရုပ်နဲ့ လူက စက္ကူဖြူကျနေတာပဲ "
.
.
.
.
.
.
.
.
.
Tae - " aww....မင်းနိုးနေပြီလား.? "Taeyeon မျက်နှာသစ်ပြီး ထွက်လာတော့ ကုတင်ပေါ်မှာ ထိုင်နေတဲ့ Tiffany ကိုမေးလိုက်သည်။
Fany - " နိုးနေလို့ ထိုင်နေတာပေါ့ ရှင်မမြင်ဘူးလား.?😒 "
ဘောက်ဆတ်ဆတ်သူမအပြောလေးကြောင့်Taeyeon အသဲယားလာတယ်...