အပိုင်း (၂)

485 42 5
                                    

အိပ်ရာထဲ ခေါင်းချပြီး တနေ့တာအမောများအား သက်ပြင်းချလိုက်မိသည်။

" ဟူး... ''

ဒီကနေ့ အတော့်ကို အလုပ်ရှုပ်ခဲ့သည်။
ကျနော်နဲ့အတူသင်တန်းဆင်းလာတဲ့ ဆရာမလေးက သူ့တပည့်လေး ဆိုးလို့ရိုက်ပြီး ဆုံးမမိတာကို ကလေးမိဘတွေက ရုံးခန်းကို ရောက်လာခဲ့သည်။

သြော်..မြန်မာပြည်..မြန်မာပြည်။
ပညာရေးမကောင်းတော့သာ အစိုးရတို့ဘာတို့ဆိုပြီး အပြစ်တွေပုံချကြတာ တကယ်တော့ သူတို့စိတ်ဓာတ်တွေကျ မစမ်းစစ်ကြဘူး။

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာ အပ်ပို့ ၊ ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ။

မလိမ္မာသည်ကိုပင် ရိုက်နှက်ဆုံးမခွင့်ပင် ကျနော်တို့ဆရာများတွင်ပင် မရှိတော့။

မောသည်..မောမိသည် မြန်မာနိုင်ငံကြီးရေ။

မျက်လုံးကို ပိတ်ထားရင်းက အိပ်၍မပျော်သေးပြန်တော့
ဖုန်းကိုဖွင့်ရင်း Fbကို ကြည့်နေမိသည်။
သို့သော် ကျနော်မဖွင့်ခဲ့မိရင် သိပ်ကိုကောင်းလိမ့်မည်။

ကျနော်see firstလုပ်ထားသော တစ်ခုတည်းသော accတစ်ခု။

Tagom Thit..
သူနဲ့ သီရိမေ တယောက်နဲ့တယောက်ဖက်ထားကြတဲ့ပုံတွေ။
တံခွန် မင်းပျော်နေမှာပေါ့နော်။

ငါ ကိုယ်ချင်းစာပါတယ်လေ။
ငါ ကိုယ်ချင်းစာပါတယ်။

ကိုယ်ချစ်ရသူနဲ့အတူတူနေရတာ
ဘယ်သူကများ မပျော်ဘဲ နေလိမ့်မှာလဲ နော်။

ငါသာ...
ကျနော်ဖုန်းကိုပြန်ပိတ်လိုက်ပြီး
ဘေးက စားပွဲလေးပေါ်တင်လိုက်သည်။

စားပွဲပေါ်လေးမှာတော့ ကျနော်နဲ့သူရဲ့ဓာတ်ပုံလေးက မှန်ဘောင်လှလှလေးထဲ နေရာယူလို့။

ဓာတ်ပုံလေးကိုကိုင်ပြီး သေချာကြည့်လိုက်သည်။
အရင်က ခုလိုဖုန်းတွေ မပေါသေးတော့
ကျနော်တို့ကြားတွင် ဓာတ်ပုံများများစားစားရယ်မရှိ။

ကြာသည်တော့လည်း မောင့်စကားWhere stories live. Discover now