From Me To You
Part 8Jungiee ya အခြေအနေ ဘယ်လိုရှိလဲ
Qri မေးလိုက်သည် သူအခြေအနေကိုသိချင်နေတာကြောင့်
ဒီလိုပါဘဲ ထူးမခြားနား.....
ခပ်ပေါ့ပျက်ပျက် သူဖြေလိုက်သည်....
Jiyeon က ဘယ်နေ့ လာမှာလဲ
ဒီနေ့ ည.....
ညဘက်ကြီးလား.....
Qri.မေးလိုက်သည်....(စိတ်ပူနေရှာတာ)
(အာသာရဲ့ jung က လူကြီးလူကောင်းပါဟယ် မကောင်းမကြံပါဘူး.....အကောင်းဘဲကြံမှာ😁😁)
အွန်း...ညဘက်...နင်ရောလာဦးမလား...
လာရင်ကောင်းမလားလို့...😁😁
Qri မ ကုန်းဆင်း လိုက်ချင်နေတာ😏😏
Ej သူ့သူငယ်ချင်းကို စလိုက်ရင်း နှာခေါင်းလေးကိုဆွဲလိုက်သည်
အမှန်ဆို စဉ်းစားကြည့်ပါ နှာခေါင်းမှာ မှဲ့လေးနဲ့ ပြစ်မျိုးမှဲ့မထင် အလှမျိုး qriလဲပိုင်ဆိုင်ထားပါတယ် ဒါပေမယ့် သူ့အနေနဲ့ သူငယ်ချင်းထက် ပိုချစ်လို့မရဘူး.....ဒါကလဲji jiနဲ့သူရဲ့ ဖူးစာလို့ဘဲဆိုရမလား.....ပြသနာ ရဲ့ တွဲဖက်လို့ဘဲပြောရမလားပါဘဲ...ဒါပေမယ့်သေချာတာကတော့ သူတို့ရဲ့အချစ်က တုနှိုင်းမရတဲ့အချစ် ဖြစ်မယ်ဆိုတာပါဘဲ....
____________
ဘာ...ဘယ်လို..ပြန်ပြောဦး...
Boram အလန့်တကြားji ကိုမေးလိုက်သည်
နင်က ej အိမ်မှာ စာသွားသင်ရမယ် ဟုတ်လား
Ji jiလဲ ပြုံရုံလေးသာ.ပြုံးလိုက်ပြီး....
အေးဟယ်....ငါလဲအဖေ ပြောလို့သဘောတူလိုက်တာ...နဲနဲတော့ကြောက်မိတယ် ကျောင်းမှာဆို ဆိုးတယ် သတင်းတွေကထွက်တယ်မလား.....
Boram လဲ မေးစေ့ပွတ်စဉ်းစားနေသည်....
Jiလဲ boကို တချက်လှမ်းရိုက်လိုက်ပြီး...
ဟဲ့ ဘာဖြစ်နေတာလဲ ပုံစံကိုက အန်းကုန်းဘိုးတော်လိုလို ဝူခုန်းလိုလိုနဲ့.....